မော်တော်ယာဉ် ထုတ်လုပ် တပ်ဆင်ခြင်း ကဏ္ဍအတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ် International Automotive Task Force (IATF:16949) အကြောင်း ဆွေးနွေးပွဲနှင့် သင်တန်း

19Feb '20

မော်တော်ယာဉ် ထုတ်လုပ် တပ်ဆင်ခြင်း ကဏ္ဍအတွက် အရည်အသွေး စီမံခန့်ခွဲမှုစနစ် International Automotive Task Force (IATF:16949) အကြောင်း ဆွေးနွေးပွဲနှင့် သင်တန်း

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှကြီးမှူးကျင်းပသည့်မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်ခြင်း ကဏ္ဍအတွက် အရည်အသွေးစီမံခန့်ခွဲမှုစနစ် International Automotive Task Force (IATF:16949) အကြောင်း ဆွေးနွေးပွဲနှင့် သင်တန်း အား ၁၅-၂-၂၀၂၀ ရက်နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ – Myanmar Engineering Council တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

International Automotive Task Force (IATF:16949) System အား ထိုင်းနိုင်ငံ Bureau Veritas ၏ Trainer မှ လာရောက် သင်ကြားပို့ချပေး ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနား သို့ Myanmar Engineering Council ၏ Immediate Past President ဦးဉာဏ်ထွန်းဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီး ဦးဇော်အေးမောင်မှ International Automotive Task Force (IATF:16949) နှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။

အသင်းဥက္ကဌ ဦးသန်းထိုက်လွင်မှ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း မှ ယနေ့ကျင်းပရသည့် အခမ်းအနားအကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ်တင်ဆင်ခြင်းကဏ္ဍတွင် Original Equipment များ ထုတ်လုပ်နိုင်ရန်အတွက် အရည်အသွေးထိန်းချုပ်မှုစနစ်ဖြစ်သည့် IATF အား ကျင့်သုံး သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ ကဏ္ဍဖွံဖြိုးတိုးတက်ရေး အတွက် အသင်းအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာ့မော်တော် ယာဉ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင် များအသင်းဥက္ကဌ၊ Automotive Association Myanmar မှ တာဝန်ရှိသူများ၊ မော်တော် ယာဉ် ထုတ်လုပ်တပ်ဆင်ခြင်း လုပ်ငန်းများမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် အပိုပစ္စည်း တင်သွင်းခြင်းလုပ်ငန်းများမှ တာဝန်ရှိသူများ ၊မော်တော်ယာဉ် ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ နည်းပညာဆိုင်ရာ အတတ်ပညာ ရှင်များ နှင့် စိတ်ဝင်စားသူများ တက်ရောက် ခဲ့ပြီး အခမ်းအနား အားအောင်မြင်စွာ ရုတ်သိမ်းခဲ့ ပါသည်။

International Automotive Task Force (IATF:16949) System အား ထိုင်းနိုင်ငံ Bureau Veritas ၏ Trainer မှ လာရောက်သင်ကြားပို့ချပေးခြင်းဖြစ်ပြီး အဆိုပါ အခမ်း အနားသို့ Myanmar Engineering Council ၏ Immediate Past President ဦးဉာဏ်ထွန်းဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့်ပြန်ကြားရေးဝန်ကြီး ဦးဇော်အေးမောင်မှ International Automotive Task Force (IATF:16949) နှင့် ပတ်သက်ပြီး ပြောကြားခဲ့ပါသည်။

အသင်းဥက္ကဌ ဦးသန်းထိုက်လွင်မှ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း မှ ယနေ့ကျင်းပရသည့် အခမ်းအနား အကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ထုတ်လုပ် တင်ဆင်ခြင်းကဏ္ဍတွင် Original Equipment များ ထုတ်လုပ်နိုင်ရန်အတွက် အရည်အသွေးထိန်းချုပ်မှု စနစ်ဖြစ်သည့် IATF အား ကျင့်သုံး သင့်ပါကြောင်းနှင့် မြန်မာနိုင်ငံ၏ မော်တော်ယာဉ်နှင့် အပို ပစ္စည်းများ ကဏ္ဍဖွံဖြိုး တိုးတက်ရေး အတွက် အသင်းအနေဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ မြန်မာ့မော်တော် ယာဉ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူး ရောင်းချရေး လုပ်ငန်းရှင် များအသင်းဥက္ကဌ၊ Automotive Association Myanmar မှ တာဝန်ရှိသူများ၊ မော်တော် ယာဉ် ထုတ်လုပ်တပ်ဆင်ခြင်း လုပ်ငန်းများမှ တာဝန်ရှိသူများ၊ မော်တော်ယာဉ် အပိုပစ္စည်း တင်သွင်းခြင်းလုပ်ငန်းများမှ တာဝန်ရှိသူများ ၊မော်တော်ယာဉ် ထိန်းသိမ်းခြင်း လုပ်ငန်းများ လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ နည်းပညာဆိုင်ရာ အတတ်ပညာရှင် များ နှင့် စိတ်ဝင်စားသူများ တက်ရောက် ခဲ့ပြီး အခမ်းအနား အားအောင်မြင်စွာ ရုတ်သိမ်းခဲ့ ပါသည်။


see also

releated posts