YACSAA အသင်းသူ အသင်းသားများ၏ Automechanika Shanghai 2023 ခရီးစဥ်

YACSAA အသင်းသူ အသင်းသားများ၏ Automechanika Shanghai 2023 ခရီးစဥ်အားဥက္ကဌ ဒုဥက္ကဌ နှင့် အလုပ်အမှုဆောင်များ ဦးဆောင်လျှက် အသင်းသူအသင်းသား ၃၈ ဦးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထွက်ခွာခဲ့ပါသည်။

ပြပွဲ၏ ဒုတိယနေ့တွင် Automechnika Shaghai Exhbition တာဝန်ခံ Show Director နှင့်တွေ့ဆုံပြီး အသင်းအား မြန်မာနိုင်ငံ Auto Parts Sector ကိုယ်စားပြုအနေဖြင့် ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ယခု ပြပွဲမှ တစ်ဆင့် အသင်းသူ အသင်းသား လုပ်ငန်းရှင်များ မြန်မာနိုင်ငံသားများအတွက် Auto Parts Sector ကဏ္ဍတွင် Network များပိုမိုကျယ်ပြန့်စွာ ချိတ်ဆက်ဆောင်ရွက် လာနိုင်သည့်အတွက် အသင်းသူအသင်းသားလုပ်ငန်းရှင်များ ကိုယ်စား ဝမ်းမြောက်မိပါကြောင်းပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။

ဆက်လက်ပြီး ပြပွဲတက်ရောက်လာသော အသင်းသူအသင်းသားများ နှင့် Exhibitor မှ စီစဥ်ထားသော Company များဖြင့် Business Matching များ ပြုလုပ်ခဲ့ပါသည်။