MYACSAA (2/2024) & YACSAA (3/2024) Meeting
မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) ၂/၂၀၂၄ အစည်းအဝေး နှင့် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄) တို့အား ၁၂-၇-၂၀၂၄ခုနှစ် (သောကြာနေ့) ၊ နေ့လည် ၀၃:၀၀ နာရီအချိန်၌ F/S-14, 6 Floor, ရွှေစံပယ်ရိပ်မွန်၊ ဘုရင့်နောင်လမ်းကြီး၊ ကမာရွတ်မြို့နယ်တွင် (Hybride Meeting) အနေဖြင့် ပူးတွဲကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင်
➡️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှ တက်ရောက်လာကြေသော မြန်မာနိုင်ငံအသင်း နှင့် ရန်ကုန်တိုင်းအသင်းတို့မှ အလုပ်အမှုဆောင်များအား နှုတ်ခွန်းဆက်စကားပြောကြားခြင်း။
➡️ မြန်မာနိုင်ငံအသင်းအား ဖော်ဆောင်ရာတွင် ရှေးလုပ်ငန်းစဉ်များအလိုက် (Vision – Mission) များအားချမှတ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြု ရေးဆွဲခြင်း။
➡️ မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဖြစ်ပေါ်လာစေရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမူဦးစီးဌာန (DICA) တွင် တရားဝင်မှတ်ပုံတင်လျှောက်ထားသော အကြောင်းအရာများ နှင့် ရန်ကုန်တိုင်းအသင်းအနေဖြင့် အခွန်များဦးစီးဌာနာ (Internal Revenue) တွင် အကျိုးမြတ်မယူသော အသင်းအဖွဲ့အစည်းအဖြစ် အခွန်ထမ်း မှတ်ပုံတင်အမှတ် ( TIN – NO) လျှောက်ထားမှု အခြေအနေအဆင့်ဆင့်အား ရန်ကုန်တိုင်းဥက္ကဌ မှ ရှင်းလင်းတင်ပြခြင်း။
➡️ (5-3-2024) ခုနှစ်ဖွဲ့စည်းတည်ထောင်ခဲ့သော မွန်ပြည်နယ် မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (MOACSAA) အားဖွဲ့စည်းတည်ထောင်ခဲ့ပုံအခြေအနေများ နှင့် တက်ရောက်လာသော မွန်ပြည်နယ်ကိုယ်စားပြု အလုပ်အမှုဆောင်များနှင့် ရှေ့ဆက်သွားမည်လုပ်ငန်းစဉ်များအား ရန်ကုန်တိုင်းအသင်းဥက္ကဌမှဆွေးနွေးခြင်း။
➡️ ရန်ကုန်တိုင်းအသင်းမှ ဦးဆောင်၍ အသင်း၏ Activities အနေဖြင့် အသင်းသူ/အသင်းသားများအား ခေါ်ဆောင်သွားပြီ 2024 – April – 17 to 20 ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော Taipei AMPA 2023 ပြပွဲ နှင့် 2024 – June – 20 to 22 ရက်အထိ ကျင်းပပြုလုပ်ခဲ့သော Automechanika Vietnam 2024 ပြပွဲအကြောင်းအရာများအား ရန်ကုန်တိုင်းအသင်းဥက္ကဌမှ ရှင်းလင်းပြောကြားခြင်း။
➡️ မြန်မာနိုင်ငံအသင်းအပါအဝင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အသင်းများမှ အလုပ်အမှုဆောင်များ အချင်းချင်း ပိုမိုရင်းနှီးချစ်ခင်မူရရှိစေရန် ရည်ရွယ်၍ 2024 – August – 4 ရက်နေ့တွင် ရန်ကုန်တိုင်းအသင်း – YACSAA မှာ ဦးစီးကျင်းပပြုလုပ်သွားမည့် ” မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း မိတ်ဆက်ဂေါက်ရိုက်ပြိုင်ပွဲ” နှင့်
ယင်းနေ့တွင် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ အသင်းဝင် Members များအားဖိတ်ကြား၍ ပြုလုပ်သွားမည့် Member Meet Up Dinner ပွဲ အကြောင်းအရာများကိုလည်း ရှင်းလင်းတင်ပြခြင်း။
➡️ ဘဏ္ဍာရေးမှူး မှ ၂၀၂၄ခုနှစ် April , May , June (၃ – လ) စာရေးဆွဲထားသော လချုပ်ငွေစာရင်းရှင်းတမ်းများအား ဖတ်ကြား၍ ရန်ကုန်တိုင်းအသင်းမှတက်ရောက်လာသော စီခန့်ကော်မတီအဖွဲ့တို့မှအတည်ပြုခြင်း နှင့် အသင်းမှ ရှေ့ဆက်သွားမည့်လုပ်ငန်းစဥ်များအား ဆွေးနွေးခဲ့ကြနောက် …
အစည်းအဝေးအားတက်ရောက်လာကြသော မြန်နိုင်ငံအသင်း – MYACSAA မှ အလုပ်အမှုဆောင်များ နှင့် ရန်ကုန်တိုင်း YACSAA အသင်းမှ အလုပ်အမှုဆောင်များသည် အချင်းချင်းနှုတ်ဆက်ကြပြီး အစည်းအဝေးအား ညနေ (၀၅:၃၀) မိနစ်အချိန်တွင် အစည်းအဝေးအားရုတ်သိမ်းခဲ့ပါသည်။