ငလျှင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့ တွင် သွားရောက်လှူဒါန်းရန် အတွက် စီစဉ်ဆောင်ရွက်နေမှု
မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ‘’ MYACSAA နှင့် အတူ လက်တွဲကူ ‘’ အစီအစဉ်တွင် ပါဝင်ကူညီပံ့ပိုးပေးကြသော အလှူရှင်များ၏ စုပေါင်းအလှူဖြင့် ငလျှင်ဘေးဒဏ်သင့်ဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့ တွင် သွားရောက်လှူဒါန်းရန် အတွက် စီစဉ်ဆောင်ရွက်နေမှုများဖြစ်ပါသည်။
Box တစ်ခုတွင် ပါဝင်သော ကူညီလှူဒါန်းသည့်ပစ္စည်းများမှာ
(1) အသင်းတံဆိပ်ရိုက်နှိပ်ထားသည့် ကော်ပုံး (၁) ပုံး
(2) မိသားစုခြင်ထောင် (၁) လုံး
(3) စတီးထမင်းစားပန်းကန် (၂) ချပ်
(4) စတီးသောက်ရေခွက် (၁) ခွက်
(5) စတီးဇွန်း (၂) ချောင်း
(6) လက်သုတ်ဝါ (၁) ထည်
(7) ကိုယ်တိုက်ဆပ်ပြာ (၁) တုံး
(8) သွားတိုက်ဆေး (၁) ဘူး
(9) သွားတိုက်တံ (၂) ချောင်း
(10) မျက်နှာသုတ်ပဝါ (၁) ခု
(11) ရေသန့် (၁) လီတာ (၆) ဘူး
(12) ခြင်ဆေးခွေ (၁) ဘူး
(13) အသင့်စားခေါက်ဆွဲခြောက် (၆) ထုပ်
(14) အကျီ (၁) ထည်
(15) အလှူငွေ 50,000 ကျပ်
စသည်များအား ပထမအသုတ်အနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် လှူဒါန်းရန် စီစဉ်ဆောင်ရွက်ပြီး
အသင်း၏ ဒုဥက္ကများ၊ ဘဏ္ဏာရေးမှူး နှင့် အလုပ်အမှုဆောင်များသည် (၉.၄.၂၀၂၅) ရက်နေ့တွင် ရန်ကုန်မြို့မှစတင်ထွက်ခွာပါသည်။
မန္တလေးတိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဌနှင့် အလုပ်အမှုဆောင်များမှ ကြိုဆိုနေရာချထားခြင်း၊ အလှူပစ္စည်းများ လှူဒါန်းရန် နေရာများ သွားရောက်လေ့လာခြင်း၊ လှူဒါန်းရန်အစီအစဉ်များအား စနစ်တကျဆောင်ရွက်ခြင်း အစရှိသည်တို့အား ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။










သတင်းစဉ်
#မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း
#myacsaaနှင့်အတူလက်တွဲကူ
09-892006864