MYACSAA – အစည်းအဝေး အမှတ်စဥ် ၁/၂၀၂၅ နှင့် ၂/၂၀၂၅
မြန်မာနိုင်ငံ မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း MYACSAA ၏
“MYACSAA နှင့်အတူ လက်တွဲကူ” အစီအစဥ်အတွက် ငလျှင်ဘေးဒဏ်သင့်ဒေသများသို့ သွားရောက်ကူညီလှူဒါန်းရန် အတွက်
အစီအစဥ်များ ချမှတ်ခြင်း ၊လှူဒါန်းမည့် ပစ္စည်း များ ၀ယ်ယူခြင်း ၊ သယ်ယူပို့ဆောင်ခြင်း ကိစ္စ ရပ်များ အတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးခြင်း အစည်းအဝေး အမှတ်စဥ် ၁/၂၀၂၅ အား ၁.၄.၂၀၂၅ ရက်နေ့တွင် လည်းကောင်း
၂/၂၀၂၅ အား ၃.၄.၂၀၂၅ တွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီး မှ အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး ကူညီလှူဒါန်းမည့် အစီအစဥ်အတွက် လုပ်ငန်းတာ၀န် များ ခွဲဝေတာဝန်ယူခြင်း ၊ အစီအစဥ်များ ရေးဆွဲခြင်း ၊ လိုအပ်သည်များ ကူညီဆောင်ရွက်ခြင်း တို့ အပြင်
ထိခိုက်မှုရှိခဲ့သည့် အသင်း၀င်များထံသို့ အလုပ်အမှုဆောင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက်အားပေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
ငလျှင် ဘေးသင့်ဒေသများတွင် ကူညီလှူဒါန်းရန် ရန်ကုန်မြို့မှ ဧပြီလ ဒုတိယအပတ်တွင် ထွက်ခွာမည် ဖြစ်ပါသဖြင့် လိုက်ပါကူညီလိုသူ အသင်း၀င်များ မိတ်ဆွေများအား လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။




သတင်းစဥ်
MYACSA