ပဲခူးတိုင်းဒေသကြီးအသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်းများအသင်း – MYACSAA ရန်ကုန်တိုင်းဒေသကြီးမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များသည် ပဲခူးတိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ BACSAA အသင်းဝင်များနှင့် တွေ့ဆုံရန်အတွက်
ယနေ့ ၂၀၂၅ခုနှစ် မေလ – ၂၆ရက်နေ့ တွင် ရန်ကုန်မှ ပဲခူးမြို့သို့ထွက်ခွါလာပြီး နံနက် (၉:၀၀)နာရီအချိန်တွင် ပဲခူးမြို့၊ ရွှေမော်ဓောလမ်းကြီးပေါ် ရှိ Heinz Coffee Bistro တွင်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
တွေ့ဆုံပွဲတွင် … တက်ရောက်လာကြသော
(၁) မြန်မာနိုင်ငံအသင်း ဥက္ကဋ္ဌ – ဦးသန်းထိုက်လွင်ရန်ကုန်တိုင်းဒေသကြီးမှနှုတ်ခွန်းဆက်အမှားစကားပြောကြားခြင်း။
(၂) တက်ရောက်လာကြသော မြန်မာနိုင်ငံးအသင်း ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်အမှုဆောင်များ နှင့် ပဲခူးတိုင်းဒေသကြီးမှ အသင်းဝင်များအပြန်အလှန်အချင်းချင်း မိတ်ဆက်ခြင်း။
(၃) မြန်မာနိုင်ငံအသင်း ဥက္ကဋ္ဌ မှ အသင်း၏ရည်ရွယ်ချက်များ နှင့် ရှေ့ဆက်သွားမည်လုပ်ငန်းစဉ်များ နှင့် အသင်းမှ ချိတ်ဆက်၍ ဆောင်ရွက်ပေးနေသော ပြည်ပခရီးစဉ်များအား ရှင်းလင်းတင်ပြခြင်း။
(၄) ပဲခူးတိုင်းအသင်းအနေဖြင့် အသင်းအနေဖြင့်သော်လည်းကောင်း၊ မိမိတို့ဆိုင်အနေနဲ့သော်လည်းကောင်း လိုအပ်ပါ မြန်မာနိုင်ငံအသင်းရန်ကုန်တိုင်းဒေသကြီးနှင့်ချိတ်ဆက်၍ လိုအပ်သလိုဆောင်ရွက်နိုင်ပါကြောင်း။
(၅) မြန်မာနိုင်ငံအသင်း ရန်ကုန်တိုင်းဒေသကြီးမှ ဦးစီးပြီးကျင်းပပြုလုပ်သော Activities များ၌လည်း ပဲခူးတိုင်းအသင်းအား ပူးပေါင်းပါဝင်စေလိုကြောင်း၊ ပြည်တွင်းတွင်ပြုလုပ်ကျင်းပသွားမည် Automotive Show ပွဲများရှိသလို ပြည်ပတွင်ကျင်းပပြုလုပ်နေသော Exhibition Show ပွဲများတွင်လည်း ပါဝင်ချိတ်ဆက်ပြီး တက်ရောက်စေလိုကြောင်း။
(၆) ပဲခူးတိုင်းအသင်းတွင်လည်း အသင်းဝင်များထပ်ရအောင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအသင်း ရန်ကုန်တိုင်းဒေသကြီးနဲ့ချိတ်ဆက်ပြီ ဆောင်ရွက်စေလိုကြောင်း။
(၇) မြန်မာနိုင်ငံအသင်း ဘဏ္ဍာရေးမှူး – ဦးစံသိန်း ရန်ကုန်တိုင်းဒေသကြီးမှ Spare Parts အသင်းစတင်ဖြစ်ပေါ်လာပုံ နှင့် ဖွဲ့စည်းတည်ထောင်ထားပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြခြင်း။
(၈) မြန်မာနိုင်ငံအသင်း အလုပ်အမှုဆောင် – ဦးမြင့်အောင် ရန်ကုန်တိုင်းဒေသကြီးမှ မိမိအနေဖြင့် Spare Parts အသင်းတွင်ပါဝင်လာခဲ့ပုံအဆင့်ဆင့်အားရှင်းလင်းပြောကြားခြင်း။
(၉) တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီးအသင်းဝင်များမှ သိလိုသည့်များမေးမြန်းရာ တက်ရောက်လာကြသော မြန်မာနိုင်ငံအသင်းဥက္ကဌ – ဦးသန်းထိုက်လွင် နှင့် အလုပ်အမှုဆောင်များမှ ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံအသင်း၏ ပဲခူးတိုင်းကိုယ်စားလှယ် – အသင်းဝင် ဦးရဲလင်းကျော်မှ တက်ရောက်လာကြသော မြန်မာနိုင်ငံအသင်းဥက္ကဌ – ဦးသန်းထိုက်လွင် နှင့် အလုပ်အမှုဆောင်များကို အမှတ်တရလက်ဆောင်များပေးအပ်၍ အမှတ်တရဓါတ်ပုံရိုက်ကူးပြီး နံနက် ၁၁နာရီခွဲတွင် အခမ်းအနားအားရုပ်သိမ်းလိုက်ပါသည်။



သတင်းစဉ်