Construction Machinery & Wheeled Excavator Exhibition (Xiamen) Internal Heavy Truck Parts Expo မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း

Construction Machinery & Wheeled Excavator Exhibition (Xiamen) Internal Heavy Truck Parts Expo မှ ပြပွဲများစီစဉ်သည့် တာဝန်ရှိသူများ (Xiamen – China) နှင့် ရန်ကုန်တိုင်းမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း မှ ဥက္ကဋ္ဌ နှင့်တကွ ဒုဥက္ကဌ၊ အလုပ်အမှုဆောင်များ နှင့် အသင်းဝင်များသည် 6-6-2025 ခုနှစ် (သောကြာနေ့) နံနက် ၁၁:၀၀ နာရီအချိန်တွင် ရွှေစံပယ်ရိပ်မွန်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တိုင်းအသင်းဥက္ကဌ ရုံး၌ လက်ခံတွေ့ဆုံပြီး အစည်းအဝေးပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် …
(၁) ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းထိုက်လွင်မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း။
(၂) တက်ရောက်လာကြသော China (Xiamen) အဖွဲ့မှ တာဝန်ရှိလူကြီးမင်းများနှင့် ရန်ကုန်တိုင်းအသင်းမှအလုပ်အမှုဆောင်များ၊ အသင်းဝင်များက အပြန်အလှန်နှုတ်ဆက်ခြင်း။
(၃) Construction Machinery & Wheeled Excavator Exhibition 2025 ပြပွဲအားတက်ရောက်ရန်အသင်းအားဖိတ်ကြားသည့်အတွက် ရန်ကုန်တိုင်းအသင်းဥက္ကဌ – ဦးသန်းထိုက်လွင်မှ ကျေးဇူးတင်စကားပြောကြားခြင်း။
(၄) ပြပွဲတာဝန်ရှိသူမှ ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက် Benefits များအားရှင်းလင်းတင်ပြခြင်း နှင့် ရန်ကုန်နှင့်မန္တလေးတို့တွင် ပြပွဲများပြုလုပ်ကျင်းပလိုကြောင်း ဆွေးနွေးခြင်း။
(၅) ဥက္ကဌ – ဦးသန်းထိုက်လွင်မှ အသင်းအနေဖြင့် ၂၀၂၆ ခုနှစ် နှစ်လည် တွင် Automotive Show ပွဲကျင်းပပြုလုပ်ရန် လျာထားလျှက်ရှိပါကြောင်း နှင့် ယခုအစည်းအဝေးတက်ရောက်လာသည့် ပြပွဲတာဝန်ရှိသူ မှ စီစဉ်ဆောင်ရွက်လျှက်ရှိသည့် ပြပွဲများတွင် ပြသနေသည့် Exhibitor များအား အသင်းမှ ပြုလုပ်မည့် Exhibition တွင် ဝင်ရောက်ပြသနိုင်ရန် ဖိတ်ခေါ်ခြင်း နှင့် ပဏာမ ဆွေးနွေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးအားနေ့လည် ၁၂:၁၅မိနစ်အချိန်တွင် ရုပ်သိမ်းပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။






သတင်းစဉ်