ငလျင်ဘေးဒဏ်သင့်ဒေသများအတွက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံ မော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း (ယာယီ) အနေဖြင့် မန္တလေးတိုင်းဒေသကြီး နှင့် နေပြည်တော်တိုင်းဒေသကြီး တို့ တွင် ငလျှင်ဘေးဒဏ်သင့် ပြည်သူများ အား အစားအစာများ၊ အသုံးအဆောင်များ နှင့် လှူဒါန်းငွေများအား အလှူရှင် အသင်းသူအသင်းသားများ၏ စုပေါင်းအလှူဖြင့် အသင်း၏ အလုပ်အမှုဆောင်များမှကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခြင်း အား (၂) ကြိမ် ဆောင်ရွက်ခဲ့ပြီး ယနေ့အထိ လိုအပ်သည့် နေရာများသို့ ဆက်လက် လှူဒါန်းလျှက်ရှိပါသည်။
ယခုအခါတွင် ပြန်လည်ထူထောင်ရေး၊ တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာ တွင် အဆောက်အဦများအတွက် လိုအပ်သည့် ဘိလပ်မြေများ အား မန္တလေး တိုင်း ဒေသကြီး နှင့် နေပြည်တော် တိုင်းဒေသကြီး တို့တွင် မေလ တတိယ ပတ် တွင် လှူဒါန်းသွားရန် စီစဥ်ထားရှိပါသည်။
သို့ပါသောကြောင့် ပြန်လည်ထူထောင်ရေး နှင့် တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အားပါ၀င် လှူဒါန်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ)