မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) ရုံးခန်းသစ်ဖွင့်လှစ်ခြင်း

မြန်မာနိုင်ငံမော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ ရုံးခန်းသစ် အား ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ Myanmar Culture Valley တွင် (၃၀.၁၁.၂၀၂၅) ရက်နေ့ နံနက် (၇) တွင် ဖွင့်လှစ်ခဲ့ပြီး ဥက္ကဌ၊ ဒုဥက္ကဌ များ နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ရုံးခန်းတွင် MYACSAA , MORS နှင့် MAMDA အသင်းများနှင့် အတူ ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားအား အသင်းဥက္ကဌများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဆရာတော်သံဃာတော်များ မှ မင်္ဂလာတရားတော်ဟောကြားခြင်း၊ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း များဆောင်ရွက်ခဲ့ပါသည်။
အသင်းဝင်များအနေဖြင့် အသင်းရုံးနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ယခုအသစ်ဖွင့်လှစ်ထားသည့် ရုံးခန်း သို့ ဆက်သွယ်နိုင်ပါသည်ရှင်။








