Friendship Golf Tournament 2026 – Dinner

၁၄.၁. ၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ရေတံခွန်တောင် Golf Resort တွင် ကျင်းပပြုခဲ့သော Friendship Golf Tournament – 2026 တွင် မြန်မာနိုင်ငံအသင်းဥက္ကဌ နှင့် အလုပ်အမှုအဆောင်များ၊ နေပြည်တော် အသင်းဥက္ကဌ နှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းအသင်း ဥက္ကဌ နှင့်အလုပ်အမှုဆောင်များ ပါဝင်ခဲ့ကြပြီး ယင်းနေ့ ညနေ ၆ နာရီအချိန် တွင် Ceremon Grand Outdoor တွင် ဆုပေးပွဲ နှင့် ညစာ စားပွဲအား ဆက်လက်ကျင်းပခဲ့ပါသည်။
အဆိုပါ ညစာ အခမ်းအနားတွင် –
(၁) မြန်မာနိုင်ငံအသင်း ဥက္ကဌ ဦးသန်းထိုက်လွင် မှ တက်ရောက်လာကြသော နေပြည်တော်တိုင်းအသင်း ဥက္ကဌ နှင့်တကွ အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းအသင်းမှ ဥက္ကဌ နှင့် တကွအလုပ်အမှုဆောင်များအား နှုတ်ခွန်းဆက်စကားပြောကြားခြင်း။
(၂) မန္တလေးတိုင်းအသင်းဥက္ကဌ ဦးသူရမောင် မှ တက်ရောက်လာကြသော မြန်မာနိုင်ငံတိုင်းအသင်းမှ ဥက္ကဌ နှင့်တကွ အလုပ်အမှုဆောင်များအားလုံးကို နုတ်ခွန်းဆက်စကားပြောကြားခြင်း။
(၃) မန္တလေးတိုင်း အသင်း၏ ဒုဥက္ကဌ (၁) ဦးဆန်းလင်း မှ ပြည်နယ်နှင့်တိုင်းအသီးသီးရှိ ညီနောင်အသင်းများကြားပိုမိုရင်းနှီးချစ်ခင်မှုရရှိစေရန် ရည်ရွယ်၍ မန္တလေးတိုင်းအသင်းမှ ကျင်းပပြုလုပ်ပေးခဲ့သော Friendship Golf Tournament 2026 ပွဲအတွက် ကျေးဇူးတင်စကား နှင့် သိကောင်းစရာများအား မျှဝေပြောကြားခြင်း။
(၄) နေပြည်တော်တိုင်း အသင်းဥက္ကဌ ဦးသော်သော်မှ မြန်မာနိုင်ငံမော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ နှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းအသင်းဥက္ကဌ နှင့်တကွ အလုပ်အမူဆောင်များ နှင့် ဧည့်သည်တော်ကြီးများအား နှုတ်ခွန်းဆက်စကားပြောကြားခြင်း။
(၅) ပြိုင်ပွဲတွင် အမှတ်အများဆုံးဖြင့်အနိုင်ရရှိသော အသင်းဝင်များအား Winner , 1st Winner , 2nd Winner ဆုတံဆိပ်များအားအသီးသီးပေးအပ်ခြင်း။
များ ဆောင်ရွက်ခဲ့ပါသည်။











သတင်းစဉ်
