ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲအခမ်းအနား
ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲအခမ်းအနားအား (၂၅.၄.၂၀၂၆) စနေနေ့ ညနေ (၆း၀၀) နာရီ တွင် ရန်ကုန်မြို့ Myanmar Culture Valley, People Park တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် တာဝန်ပေးအပ်ခြင်းခံရသော အလုပ်အမှုဆောင် များ စာရင်းအား ကော်မရှင်ဥက္ကဌမှ ဖတ်ကြားတင်ပြခြင်း၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာဦးစိုးထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ (၂၀၂၂ – ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများဖတ်ကြားတင်ပြခြင်း နှင့် (၂၀၂၅-၂၀၂၈) ခုနှစ်
သက်တမ်း အတွက် တာဝန်ပေးအပ်ခံရသော အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စား ဥက္ကဌ ဦးသန့်ဇင်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ညစာစားပွဲအခမ်းအနားသို့ ရန်ကုန်တိုင်း အသင်း နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသင်းများမှ အသင်းသူအသင်းသားများ၊ MOU ရေးထိုးထားသော မိတ်ဖက်အသင်းများ နှင့် အသင်းမှ ပြုလုပ်ခဲ့သော ပွဲများတွင် ဝင်ရောက်ပါဝင်ပူးပေါင်းခဲ့ပါသော မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီကြသူများစုံလင်စွာ တက်ရောက်ခဲ့ပါသည်။














သတင်းစဉ်
