ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား
ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား အား (၂၅.၄.၂၀၂၆) စနေနေ့ နံနက် ၉:၀၀ နာရီတွင် ရန်ကုန်မြို့ Panda Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အသင်း၏ ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်၏ လမ်းညွှန်မှုနှင့် အညီ (၂၀၂၅-၂၀၂၈)
ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင် များ အား ရွေးချယ်တင်မြှောက်ခဲ့ပါသည်။
(၂၀၂၂ – ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နောင်လာမည့် သက်တမ်းအတွက် ရွေးချယ်ခံရမည့် အလုပ်အမှုဆောင်အဖွဲ့ အနေဖြင့် အသင်းသူအသင်းများ နှင့် မော်တော်ယာဉ်အပိုပစ္စည်းကဏ္ဍတိုးတက်ရေး အတွက် ရှေးရှုပြီး ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း နှင့် ၎င်းတာဝန်ယူခဲ့သော သက်တမ်းများအတွက် ဆောင်ရွက်ချက်များ နှင့် ပူးတွဲ တာဝန်ထမ်းဆောင်ခဲ့သော အလုပ်အမှုဆောင် အဖွဲ့ဝင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ယင်းနောက် (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် တာဝန်ပေးအပ်ခံရသော အလုပ်အမှုဆောင်အဖွဲ့ ကိုယ်စား ဥက္ကဌ ဦးသန့်ဇင်မှ အသင်း၏ ရှေ့ဆက်ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။















သတင်းစဉ်
