MOU Singing & Press Launching
၂၀၂၆ခုနှစ် – မေလ (၂၀) ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် (၁:၀၀) နာရီအချိန် Inya Lake Hotel (Mingalar Ballroom) ခမ်းမတွင် Silver Sea International Ltd မှ ကြီးမှူး၍ကျင်းပပြုလုပ်ခဲ့သည့် MOU Singing & Press Launching အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA) မှ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂) နှင့်တကွ အထွေထွေအတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA) အနေဖြင့် Silver Sea International Ltd မှစီစဥ်သည့် ကုန်စည်ပြပွဲများ၌ ပံ့ပိုးကူညီသည့် အသင်းအဖွဲ့ (Supporting Organization) အဖြစ်ပါဝင်သွားရန်အတွက် ရန်ကုန်အသင်းမှ အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA) နှင့် Silver Sea International Ltd တို့ကြား နှစ်ဖက်နားလည်သဘောတူညီချက်ပါ နားလည်မှုစာချွန်လွှာ (Memorandum of Understanding -MOU) အားလက်မှတ်ရေးထိုးခဲ့ကြပါသည်။









