-
Our Email
macsaa.info@gmail.com -
Call Us
09892006864
မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ရန်ကုန်တိုင်းဒေသကြီး) အားရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီး ဌာန၏ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၂၀၁၇အရ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် အလုပ်အမှုဆောင် (၂၁) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
ထို့အပြင်မော်တော်ယာဉ်ထုတ်လုပ်တပ်ဆင်ရေးနှင့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်မှုတွင် တစ်ထောင့်တစ်နေရာမှပါဝင်၍ ပြည်သူပြည်သားများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် ပါဝင်ဖြည့်ဆည်းနိုင်ရန်အတွက် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းလည်း ဖြစ်ပါသည်။
မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းကို ရန်ကုန်တိုင်းဒေသကြီး အပြင် မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ နှင့် မွန်ပြည်နယ်တို့တွင် တည်ထောင်ရန် ဆောင်ရွက်လျှက်ရှိပါသည်။ အသင်းတွင် မော်တော်ယာဉ်ကဏ္ဍတစ်ခုလုံးမှ မော်တော်ယာဉ်ထုတ်လုပ်သူများ၊ တင်သွင်းဖြန့်ဖြူးရောင်းချသူများ၊Workshop များ၊ Service Center များ နှင့် နည်းပညာဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များ အပြင် စိတ်ပါဝင်စားသူများအားလုံးပါဝင်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။ အသင်းအနေဖြင့် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) နှင့် မြန်မာနိုင်ငံအော်တိုမိုးတစ်(ဖ်)အသင်း(AAM)စသည့်အသင်းများနှင့်လည်းလုပ်ငန်းဆိုင်ရာများ ဆက်သွယ်ဆောင်ရွက်လျှက်ရှိပါသည်။
မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့်သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများနှင့် အညီ အသင်း၏လုပ်ငန်းကိစ္စအဝဝကိုဆောင်ရွက်နိုင်ရန်အတွက် (၂၀၁၉-၂၀၂၁) သက်တမ်းအတွက် အလုပ် အမှုဆောင်အဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအနေဖြင့်သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများနှင့် အညီ အသင်း၏လုပ်ငန်းကိစ္စအဝဝကိုဆောင်ရွက်နိုင်ရန်အတွက် (၂၀၁၉-၂၀၂၁) သက်တမ်းအတွက် အလုပ် အမှုဆောင်အဖွဲ့ကို ၂၀၁၉ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
အသင်းအား အောက်ပါရည်ရွယ်ချက် (၈) ရပ်ဖြင့် ဖွဲ့စည်းတည်ထောင်ထားခြင်းဖြစ်ပါသည်။