၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲအား ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့) တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ UMFCCI , Ground Floor, Class Room (2) တွင် နံနက် ကိုးနာရီမှ စတင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါသည်။

ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ထိ အသင်းဝင်ကြေး ပေးသွင်း ထားပြီးသူ အသင်းသားများ နေဖြင့် ၂၀၁၉ – ၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ် အမှုဆောင် အဖြစ် ဝင်ရောက် ယှဉ်ပြိုင် လိုပါက အလုပ် အမှုဆောင် အဆိုပြုလွှာများ ကို

ရယူခြင်းဖြင့် သော်လည်းကောင်း၊ အသင်းရုံး တွင် လူကိုယ်တိုင် လာရောက် ထုတ်ယူခြင်းဖြင့် သော် လည်းကောင်း ရရှိနိုင်ပြီး မတ်လ ၁၅ ရက်နေ့ညနေ (၄:၀၀) နောက်ဆုံး ထားပြီး အဆိုပြုလွှာနှင့် အတူ ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ(2) ပုံ၊ ထသကမိတ္ထူ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္ထူ၊ အသင်းဝင်ကဒ် မိတ္ထူ ၊ Form 6×26 မိတ္ထူတို့အား အသင်းရုံးသို့ ပေးပို့ရမည် ဖြစ်ပါသည်။

သတ်မှတ် ရက်ထက် နောက်ကျ ရောက်ရှိလာသော အဆိုပြုလွှာများအား လက်ခံ စဉ်းစားမည် မဟုတ်ကြောင်း နှင့် အသင်း၏ အကျိုးကိုရှေးရှု၍ အလုပ် အမှုဆောင် အဖြစ် ဝင်ရောက် အရွေးချယ် ခံနိုင်ပါရန် လေးစားစွာဖြင့် အသိပေး အပ်ပါသည်။