ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA ၏ ဒုတိယအကြိမ်မြောက်အသင်းသားစုံညီ နှစ်ပတ်လည်အထွေထွေအစည်းအ ဝေး AGM နှင့် အသင်းသားစုံညီ အထိမ်းအမှတ် (AGM Dinner)
၁၇.၁၂.၂၀၂၂ ခုနှစ် (စနေနေ့) တွင် ဒုတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) နှင့် အသင်းသားစုံညီအထိမ်းအမှတ် (AGM Dinner ) ညစာစားပွဲ အခမ်းအနား အား ရန်ကုန်မြို၊ ဓမ္မဓါနလမ်း၊ တာမွေမြိုနယ်ရှိ Prince Hotel တွင် ညနေ ၄:၃၀ မှ ည ၉:၀၀ အထိကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရွေးကောက်ပွဲကြီးကြပ်ရေးကော်မရှင်အဖွဲ ဥက္ကဌ နှင့် တာဝန်ရှိလူကြီးမင်းများ၊ Myanmar Industries Association – MIA မှ ဥက္ကဌ နှင့် အဖွဲဝင်လူကြီးမင်းများ၊ Automotive Association of Myanmar – AAM မှ ဒုတိယဥက္ကဌ နှင့် ဧည့်သည်တော်များ၊ Myanmar Automobile Manufacturer and Distributor Association – MAMDA မှ ဥက္ကဌ၊ ဒုဥက္ကဌ များနှင့်တွဲဖက်-ဘဏ္ဍာရေးမှူးများ ၊ Taiwan Trade Center – TTC ၏ Country Director နှင့် တာဝန်ရှိလူကြီးမင်းများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ အခမ်းအနားများအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီပေးသော Main Sponsor Company နှင့် Co-Sponsor Company များ၊ အလှူငွေလှူဒါန်းသော Company များ ၊ အသင်းသူ/အသင်းသားများ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA နှင့် မြန်မာနိုင်ငံမော်တော်ယာဥ် တင်သွင်း၊ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချလုပ်ငန်းရှင်များအသင်း – MAMDA တိုကြားနားလည်းမှုစာချွန်လွှာ (MOU) အားလက်မှတ်ရေးထိုးခဲ့ကြပါသည်။ ထိုအပြင် မြန်မာအော်တိုမိုးတစ်ဖ်အသင်း – AAM ဖြင့်လည််း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားများအား ကူညီပံပိုးပေးသော Main Sponsored , Co-sponsored Company များ နှင့် အသင်းအားအလှူငွေထည့်သွင်းလှူဒါန်းပေး Company များအား ရန်ကုန်တိုင်းအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များမှ ဂုဏ်ပြုမှတ်တမ်းလွှာ များအသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများ၊ ဧည့်သည်တော်များနှင့်အတူ အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ကြပါသည်။