ဧရာဝတီတိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်းတည်ထောင်ခြင်းအခမ်းအနား – ၁၉-၅-၂၀၂၃ (သောကြာနေ့)

ဧရာဝတီတိုင်း ဒေသကြီး မော်တော်ယာဥ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရေးအတွက် ရန်ကုန်တိုင်း အသင်းမှ ဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူး (၃) တို့သည် ၁၉-၅-၂၀၂၃ခုနှစ် (သောကြာနေ့) နေ့လည်တွင် ပုသိမ် မြို့သို့ ရောက်ရှိလာကြပြီ နေ့လည် (၁) နာရီတွင် ပုသိမ်မြို့ရှိ ယာဉ်အပိုပစ္စည်း တင်သွင်း၊ဖြန့်ဖြူး၊ ရောင်းချနေသော စီးပွားရေး လုပ်ငန်းရှင်များ နှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားအား အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။