Automechanika Shanghai 2023 (The third day of the exhibition)
Automechanika Shanghai 2023 ပြပွဲ တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဒုဥက္ကဌ
နှင့် အလုပ်အမှုဆောင်များ သည် China Automotive Maintenance and Repair Trade Association မှ Representative ဖြင့်လည်းကောင်း China Guangdong Hong Kong and Macao Greater Bay Area Traffic Service Industry Federation မှ President of Guang Dong Branch ဖြင့် တွေ့ဆုံခဲ့ပါသည်။
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ အနေဖြင့် အဆိုပါ အသင်းများ နှင့် ချိတ်ဆက်ပြီး အသင်းသူ အသင်းသားများအတွက် Auto Parts Sector တွင် ပိုမိုကောင်းမွန်သော ရလဒ်များ၊ အခွင့်လမ်းများ ၊ Network များ ပိုမို ရရှိလာစေရန် အတွက် အသင်းအချင်းချင်းအကြားတွင် နားလည်မှုစာချွန်လွှာ Momerandum of Understanding (MOU) အား ရေးထိုးလိုပါကြောင်း ဆွေးနွေးခဲ့ရာ အဆိုပါ အသင်းများ၏ တာဝန်ရှိသူများ မှ သဘောတူညီခဲ့ကြပါသည်။
ယင်းနောက် အဆိုပါတာဝန်ရှိသူများအား အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။