မွန်ပြည်နယ် မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – MOACSAA (ယာယီ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား
မွန်ပြည်နယ် မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – MOACSAA (ယာယီ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားအား ၅-၃-၂၀၂၄ ခုနှစ် (အင်္ဂါနေ့) နေ့လည် (၀၂:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းမပေါ် ရှိ NGWE MOE Hotel (Bayint Naung Room) တွင် ကျင်းပခဲ့ပြီးရန်ကုန်တိုင်းအသင်းမှ –
(၁) ဥက္ကဌ – ဦးသန်းထိုက်လွင်
(၂) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) – ဦးရဲမင်းထက်
(၂) အလုပ်အမှုဆောင် – ဦးကျော်သက်
(၃) အလုပ်အမှုဆောင် – ဦးတင်မောင်အေး
(၄) အလုပ်အမှုဆောင် – ဦးမြင့်အောင် တို့နှင့်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နေထိုင်ပြီး ရန်ကုန်တိုင်းအသင်းတွင် အသင်းဝင်ထားသည့် YACSAA Member များဖြစ်ကြသော –
(၁) YACSAA Member – ဦးအောင်ကိုလတ် (မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – ယာယီ / မွန်ပြည်နယ်ကိုယ်စားလှယ်)
(၂) YACSAA Member – ဦးမြတ်မင်း တို့နှင့်တကွ မွန်ပြည်နယ် ယာဉ်နှင့်ဆက်စပ်အပိုပစ္စည်းလုပ်ကိုင်နေသော လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုံလင်စွာ တက်ရောက်လာခဲ့ကြပါသည်။
အခမ်းအနားတွင်
▶️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှာ မိတ်ဆက်အမှာစကားပြောကြားခြင်း။
▶️ ရန်ကုန်တိုင်းအသင်းမှ CEC-EC များ နှင့် တက်ရောက်လာကြသော မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မှ ဧည်သည့်တော်များမှ အချင်းချင်း မိတ်ဆက်စကားပြောခြင်း။
▶️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှ အသင်း၏ ရည်ရွယ်ချက်များ နှင့် အသင်းစတင်တည်ထောင်ခဲ့သော ၂၀၁၈ နှစ်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းအသင်းမှ လှုပ်ရှားဆောင်ရွက်ခဲ့သော YACSAA Activities များ နှင့် အသင်းပေါ်ပေါက်လာပုံအကြောင်းအရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း။
▶️ ၂၀၂၄ ခုနှစ်ထဲတွင် ရန်ကုန်တိုင်းအသင်းနှင့်ချိတ်ဆက်ကျင်းပပြုလုပ်မည့် နိုင်ငံတကာ Exhibition ပြပွဲများအကြောင်းအား ရန်ကုန်တိုင်းအသင်းဥက္ကဌ ရှင်းလင်းပြောကြားခြင်း။
▶️ မွန်ပြည်နယ် မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်းတည်ထောင်ရန်အတွက် တက်ရောက်လာသော ဧည်သည့်တော်များ နှင့် ရန်ကုန်တိုင် အသင်း ဥက္ကဌ မှ ဆွေးနွေးခြင်း။
▶️ တက်ရောက်လာကြသော ဧည့်သည်တော်များမှ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအား သိလိုသောအကြောင်းအရာများကို မေးမြန်းရာ ရန်ကုန်တိုင်းအသင်း ဥက္ကဌ မှ ဖြေကြားခြင်း
▶️ မွန်ပြည်နယ် မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – MOACSAA ဖြစ်မြောက်ရန် (ယာယီ)ဖွဲ့စည်းတည်ထောင်ခြင်းအတွက် တက်ရောက်လာကြသော ဧည့်သည်တော်များမှ အလုပ်အမှုဆောင် (၁၁) ဦးစာရင်းတို့အားစာရင်းပေးသွင်းခြင်း။
▶️ ရန်ကုန်တိုင်းအသင်းအနေဖြင့် မွန်ပြည်နယ် မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – MOACSAA ဖြစ်မြောက်ရေးတွင်အပြည့်အဝကူညီသွားမည်ဖြစ်ကြောင်း ၊ မွန်ပြည်နယ်အသင်း – MOACSAA (ယာယီ) ဥက္ကဌ မှ ရန်ကုန်တိုင်းအသင်းဥက္ကဌအား ဦးဆောင်ကူညီဆောင်ရွက်ပေးခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခြင်း၊
▶️ မွန်ပြည်နယ် မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – Mon Division of Automotive Components, Spare Part & Accessories Association – ( MOACSAA ) ဖြစ်မြောက်အောင်မြင်ရန်အတွက် ရန်ကုန်တိုင်းအသင်းရုံးအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ရန်ကုန်တိုင်းအသင်း−ဥက္ကဌ ဦးသန်းထိုက်လွင် မှ ပြောကြားခဲ့ပြီး မွန်ပြည်နယ် မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) အဖွဲ့ ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ အတက်ရောက်လာကြသောဧည့်သည်တော်များနှင့်အတူတကွ အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို နေ့လည် (၀၄:၀၀) နာရီအချိန် တွင်ရပ်နားခဲ့ပါသည်။