ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA ၏ တတိယအကြိမ်မြောက်အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် အသင်းသားစုံညီညစာစားပွဲအခမ်းအနား
၂၉.၁၁.၂၀၂၄ ခုနှစ် (သောကြာနေ့) တွင်ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – Yangon Region Automotive Components, Spare Parts & Accessories Association (YACSAA) ၏ တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) နှင့် အသင်းသားစုံညီအထိမ်းအမှတ် (AGM Dinner ) ညစာစားပွဲ အခမ်းအနား အား ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရာလမ်း၊ ရန်ကင်းမြို့နယ်ရှိ Sedona Hotel (Yangon) တွင် ညနေ 6:00 မှ ည 9:00 အထိကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် UMFCCI – ဒုတိယဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်များ၊ Automotive Association of Myanmar – AAM မှ ဒုတိယဥက္ကဌ နှင့် ဧည့်သည်တော်များ၊ Myanmar Automobile Manufacturer and Distributor Association – MAMDA မှ နာယက ၊ ဥက္ကဌ၊ အတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်တို့တက်ရောက်ခဲ့ကြပြီး၊ အခမ်းအနားအား ကူညီပံ့ပိုးပေးသော Main Sponsor နှင့် Co-Sponsor Company များ၊ YACSAA အသင်းသူ၊ အသင်းသားများ နှင့် အသင်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အသင်းအားအလှူငွေထည့်သွင်းလှူဒါန်းပေးပါသော Company များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေး (AGM) . အခမ်းအနားတွင် Myanmar Automobile Manufacturer and Distributor Association – MAMDA အသင်း နာယက မှနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ အသင်းဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ဒုတိယဥက္ကဌ (၂) မှ အသင်း၏ လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်း နှင့် ဒုတိယဥက္ကဌ (၁) မှ ကျေးဇူးတင်စကားများအား အသီးသီးပြောကြားခဲ့ပါသည်။
ထို့်နောက် အသင်းအား ကူညီပံပိုးပေးသော Main Sponsored , Co-sponsored Company များ နှင့် အသင်းအားအလှူငွေထည့်သွင်းလှူဒါန်းပေးသည့် Company များအား ရန်ကုန်တိုင်းအသင်းမှ ဗဟိုအလုပ်အမှုဆောင်များ နှင့် အလုပ်အမှုဆောင်များသည် ဂုဏ်ပြုမှတ်တမ်းလွှာ များအသီးသီးပေးအပ်ခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိလူကြီးမင်းများ၊ ဧည့်သည်တော်များနှင့်အတူ အမှတ်တရဓါတ်ပုံများမှတ်တမ်းတင်ရိုက်ကူးခဲ့ကြပါသည်။
သတင်းစဥ်