“MYACSAA နှင့်အတူ လက်တွဲကူ” အစီအစဉ်တွင် အသင်းသူအသင်းသားများ၊ လုပ်ငန်းရှင်များ အားလုံးပါဝင်လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

ငလျှင်ဘေးဒဏ်သင့်ပြည်သူများအား ကူညီအားပေးရန်အတွက် မြန်မာနိုင်ငံမော်တော်ယာဉ်
အပိုပစ္စလုပ်ငန်းရှင်များအသင်း (Myanmar Automotive Components Spare Parts & Accessories Association) ၏ ‘’ MYACSAA နှင့်အတူ လက်တွဲကူ’’ အစီအစဉ်တွင် အသင်းသူအသင်းသားများ၊ လုပ်ငန်းရှင်များ အားလုံးပါဝင်လှူဒါန်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။
မန္တလေး နှင့် နေပြည်တော်ရှိ ငလျှင်ဘေးဒဏ်သင့်ပြည်သူများထံသို့ လိုအပ်သည့်အသုံးဆောင်များ၊ ဆေးဝါး၊ သောက်သုံးရေနှင့် လှူဒါန်းငွေများ သွားရောက် ကူညီလှူဒါန်းခြင်းကို ဧပြီလ ဒုတိယအပတ်တွင် ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ပါသဖြင့် ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင် လိုက်ပါကူညီလိုသူများအား လေးစားစွာဖြင့် ဖိတ်ခေါ် အပ်ပါသည်။
လှူဒါန်းငွေများအား အောက်ပါ Bank Account သို့ပေးပို့လှူဒါန်းနိုင်ပါသည်။
.
AYA Bank : 40027725025
Account Name: U Than Htaik Lwin, U Aung Naing Tun, U Aung Kyaw Soe
အလှူပစ္စည်းများအားအောက်ပါနေရာများသို့ ပေးပို့လှူဒါန်းနိုင်ပါသည်။
ရန်ကုန်
Proven Group of Companies Ltd.
F/S14, ရွှေစံပယ်ရိပ်မွန်၊ ဘုရင့်နောင်လမ်းမကြီး၊ ကမာရွတ်မြို့နယ် 09-892006864
နေပြည်တော်
Eternal Co., Ltd.
အမှတ် 15/718, ပေါင်းလောင်း (၁၈) လမ်း၊ ပေါင်းလောင်း (၂) ရပ်ကွက်၊ ပျဉ်းမနားမြို့နယ်
09-955 377179
အလုပ်အမှုဆောင်အဖွဲ့