Thailand International Auto Parts and Accessories Show (TAPA 2025) Event

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits အနေဖြင့် ထိုင်းနိုင်ငံစီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး နှင့် ဝန်ကြီးဌာန မှကြီးမှူး၍
2025ခုနှစ်၊ April – 3ရက်နေ့ မှ April – 5ရက်နေ့အထိ Thai နိုင်ငံ / ဘန်ကောက်မြို့ရှိ – Bangkok International Trade & Exhibition Center (BITEC) တွင်ကျင်းပပြုလုပ်ခဲ့သော “Thailand International Auto Parts and Accessories Show (TAPA 2025)” ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA မှ အသင်းဝင်များ တက်ရောက်ခဲ့ကြပါသည်။

ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် –

(1) ပြပွဲတက်ရောက်မည့် အသင်းဝင်အတွက် TAPA 2025 – Registration Link အားဖြည့်သွင်းရာတွင်ကူညီပေးခြင်း။

(2) Visitor လည်ဆွဲကဒ်ထုတ်ယူရန် နှင့် ပြပွဲ 3ရက်တာကျင်းပနေစဥ် အသင်းရုံးအဖွဲ့မှလိုအပ်သည်များ အလုံးစုံဆောင်ရွက်ပေးခြင်း အစရှိသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။

ပြပွဲဝင်ရောက်ကြည့်ရှုခဲ့သော အသင်းသူ/အသင်းသားများအနေဖြင့် ပြပွဲဝင်ရောက်ကြည့်ရှုရာတွင် စိတ်ချမ်းမြေ့မှုများရရှိပြီး ၊ပြပွဲ၏ အကျိုးရလဒ်များစွာ ရရှိခဲ့ပါကြောင်း ကြားသိရသဖြင့် ယခုလို တန်ဖိုးရှိသော ပြပွဲများအား ချိတ်ဆက်ပေးနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နောင်တွင်အသင်းသူ/အသင်းသားများ၏အကျိုးကိုရှေးရှုပြီးဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျား။

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့။