TAIPEI AMPA & Autotronics Taipei Show 2025 Event
ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits အနေဖြင့် Taiwan Trade Center မှ ကြီးမှူး၍ 2025 ခုနှစ်၊ April – 23 ရက်နေ့မှ April 26 အထိကျင်းပြုလုပ်ခဲ့သော TAIPEI AMPA & Autotronics Taipei Show 2025 ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – YACSAA မှ အသင်းဝင်များတက်ရာက်ခဲ့ကြပါသည်။
ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် –
(1) ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက် Taipei AMPA – Buyer Application Form ဖြည့်သွင်းခြင်းကိစ္စရပ်များအား ဆောင်ရွက်ပေးခြင်း
(2) အသင်းဝင်များအတွက် Hotel 4 ညတာ စီစဉ်ပေးခြင်း။
(3) ပြပွဲ 4ရက်တာကျင်းပနေစဥ် အသင်းရုံးအဖွဲ့မှလိုအပ်သည်များ အလုံးစုံဆောင်ရွက်ပေးခြင်း
အစရှိသည်တို့ ဆောင်ရွက်ပေးခဲ့ပါသည်။
ပြပွဲဝင်ရောက်ကြည့်ရှုခဲ့သော အသင်းသူ/အသင်းသားများအနေဖြင့် ပြပွဲဝင်ရောက်ကြည့်ရှုရာတွင် စိတ်ချမ်းမြေ့မှုများရရှိပြီး ၊ပြပွဲ၏ အကျိုးရလဒ်များစွာ ရရှိခဲ့ပါကြောင်း ကြားသိရသဖြင့် ယခုလို တန်ဖိုးရှိသော ပြပွဲများအား ချိတ်ဆက်ပေးနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် နောင်တွင်အသင်းသူ/အသင်းသားများ၏အကျိုးကိုရှေးရှုပြီးဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်ခင်ဗျား။
ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအလုပ်အမှုဆောင်အဖွဲ့။


