ငလျင်ဘေးဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – MYACSAA မှ မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းအသင်းအား ဘိလပ်မြေအိတ်(၇၅၀) အားလှူဒါန်းခြင်း

မြန်မာနိုင်ငံ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ငလျှင်ဘေးဒဏ်သင့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ (၇၅၀) အိတ်အား မန္တလေးတိုင်းဒေသကြီးအသင်းသူအသင်းသားများ နှင့် အလှူခံပုဂ္ဂိုလ်များအား ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် လှူဒါန်းခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးသန်းထိုက်လွင်မှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခြင်း၊ အလှူရှင်များ အား ကျေးဇူးတင်စကားပြောကြားခြင်း၊ အလှူရှင်များ၏ လှူဒါန်းမှုများ အထမြောက်အောင် တာ၀န်ယူဆောင်ရွက် ပေးကြသည့် မန္တလေးတိုင်း အသင်းမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များ အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
မန္တလေးတိုင်း အသင်းမှ ဥက္ကဌ နှင့် ဒုတိယဥက္ကဌ များမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အလှူရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။
















သတင်းစဥ်
မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း
myacsaaနှင့်အတူလက်တွဲကူ
myacsa