မွန်ပြည်နယ်အသင်းမှ အလုပ်အမှုဆောင်များနှင့်တွေ့ဆုံခြင်း

မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်းများအသင်း – MYACSAA ရန်ကုန်တိုင်းဒေသကြီးမှ ဥက္ကဌ နှင့် အလုပ်အမှုဆောင်များ နှင့် မွန်ပြည်နယ် မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း MOACSAA အသင်းဝင်များနှင့် တွေ့ဆုံပွဲအား ၂၀၂၅ခုနှစ် မေလ – ၂၆ရက်နေ့ ညနေ (၆:၀၀)နာရီအချိန်တွင် မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ Ngwe Moe Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် … တက်ရောက်လာကြသော

(၁) မြန်မာနိုင်ငံအသင်း ဥက္ကဋ္ဌ – ဦးသန်းထိုက်လွင်ရန်ကုန်တိုင်းဒေသကြီးမှနှုတ်ခွန်းဆက်အမှားစကားပြောကြားခြင်း။

(၂) တက်ရောက်လာကြသော မြန်မာနိုင်ငံးအသင်း ရန်ကုန်တိုင်းဒေသကြီးမှ အလုပ်အမှုဆောင်များ နှင့် မွန်ပြည်နယ် အသင်းဝင်များအပြန်အလှန်အချင်းချင်း မိတ်ဆက်ခြင်း။

(၃) မြန်မာနိုင်ငံအသင်း ဥက္ကဋ္ဌ မှ အသင်း၏ရည်ရွယ်ချက်များ နှင့် ရှေ့ဆက်သွားမည်လုပ်ငန်းစဉ်များ နှင့် အသင်းမှ ချိတ်ဆက်၍ ဆောင်ရွက်ပေးနေသော ပြည်ပခရီးစဉ်များအား ရှင်းလင်းတင်ပြခြင်း။

(၄) မွန်ပြည်နယ်အသင်းအနေဖြင့် အသင်းအနေဖြင့်သော်လည်းကောင်း၊ မိမိတို့ဆိုင်အနေနဲ့သော်လည်းကောင်း လိုအပ်ပါ မြန်မာနိုင်ငံအသင်းရန်ကုန်တိုင်းဒေသကြီးနှင့်ချိတ်ဆက်၍ လိုအပ်သလိုဆောင်ရွက်နိုင်ပါကြောင်း။

(၅) မြန်မာနိုင်ငံအသင်း ရန်ကုန်တိုင်းဒေသကြီးမှ ဦးစီးပြီးကျင်းပပြုလုပ်သော Activities များ၌လည်း မွန်ပြည်နယ်အသင်းအား ပူးပေါင်းပါဝင်စေလိုကြောင်း၊ ပြည်တွင်းတွင်ပြုလုပ်ကျင်းပသွားမည် Automotive Show ပွဲများရှိသလို ပြည်ပတွင်ကျင်းပပြုလုပ်နေသော Exhibition Show ပွဲများတွင်လည်း ပါဝင်ချိတ်ဆက်ပြီး တက်ရောက်စေလိုကြောင်း။

(၆) မွန်ပြည်နယ်အသင်းတွင်လည်း အသင်းဝင်များထပ်ရအောင်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအသင်း ရန်ကုန်တိုင်းဒေသကြီးနဲ့ချိတ်ဆက်ပြီ ဆောင်ရွက်စေလိုကြောင်း။

(၇) မြန်မာနိုင်ငံအသင်း ဘဏ္ဍာရေးမှူး – ဦးစံသိန်း ရန်ကုန်တိုင်းဒေသကြီးမှ Spare Parts အသင်းစတင်ဖြစ်ပေါ်လာပုံ နှင့် ဖွဲ့စည်းတည်ထောင်ထားပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြခြင်း။

(၈) တက်ရောက်လာကြသော မွန်ပြည်နယ်အသင်း ဥက္ကဋ္ဌ နှင့် အလုပ်အမှုဆောင်များမှ သိလိုသည့်များမေးမြန်းရာ တက်ရောက်လာကြသော မြန်မာနိုင်ငံအသင်းဥက္ကဌ – ဦးသန်းထိုက်လွင် နှင့် အလုပ်အမှုဆောင်များမှ ရှင်းလင်းပြောကြားပြီးနောက် Networking Dinner ညစာစားပွဲအား ည (၇:၀၀) နာရီအချိန်တွင် စတင်သုံးဆောင်ခဲ့ပြီ အမှတ်တရဓါတ်ပုံများ နှင့် စကားများပြောကြာပြီး ည ၈:၄၅ မိနစ်အချိန်တွင် ညစာစားပွဲအခမ်းအနားအားရုပ်သိမ်းလိုက်ပါသည်။

သတင်းစဉ်