Myanmar Cars And Spare Parts Expo 2025 ပြပွဲ ဖွင့်ပွဲအခမ်းအနား

Myanmar Cars And Spare Parts Expo 2025 ပြပွဲကြီးအား ၁၅ – ၁၁ – ၂၀၂၅ ခုနှစ် (စနေနေ့) မနက် ၀၈:၀၀ နာရီ အချိန်တွင် ဒဂုံမြို့နယ်၊မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ဖဲကြိုးဖြတ်၍ဖွင့်လှစ်ခဲ့ပြီး ဖွင့်အားအခမ်းအနားတွင် ..

(၁) YCDC ကော်မတီဝင် (၆)၊ MORS နာယက ဦးအောင်နိုင်။
(၂) MORS ဥက္ကဌ ဦးလျံကျန်းမန်။
(၃) MORS ဒုဥက္ကဌ Dr. စိုးထွန်း။
(၄) MAMDA ဥက္ကဌ ဒေါက်တာကျော်ကျော်အောင်။
(၅) MAMDA မှ အထွေထွေအတွင်းရေးမှူး ဦးကျော်စွာထွန်းမြင့်။
(၆) MYACSAA မှ ဥက္ကဌ ဦးသန်းထိုက်လွင် နှင့်
(၇) MYACSAA မှ ဒုဥက္ကဌ (၁) ဦးသန့်ဇင် တို့အားတက်ရောက်၍ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ပြပွဲရက် ပထမနေ့တွင် မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ညီနောင်အသင်းများဖြစ်ကြသည့် ….

မန္တတိုင်းလေးဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ – MACSAA အသင်း နှင့်

နေပြည်တော်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ – NACSAA အသင်း တို့မှ ဥက္ကဌ နှင့်တကွ အလုပ်အမှုဆောင်များ မှလည်း Myanmar Cars And Spare Parts Expo 2025 ပြပွဲ ဖွင့်ပွဲအခမ်း အနားအား တက်ရောက်ခဲ့ကြပါသည်။

ပြပွဲအား နိုဝင်ဘာလ (၁၅) ရက်နေ့ မှ (၁၈) ရက်နေ့အထိ ၄ ရက်တိတိ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်သွားမှာဖြစ်သည့်အပြင် ပြပွဲတွင် ကားအမျိုးအစားစုံလင်စွာ နှင့် ကားနှင့်ဆက်စပ်ယာဥ်အပိုပစ္စည်းများကိုပါ တစ်နေရာတည်းတွင်စုံလင်စွာ ကြည့်ရှုဝယ်ယူနိုင်မှာဖြစ်သည့်အတွက် အမြန်လာရောက်ပေးဖို့အတွက် ဖိတ်ခေါ်ပါရစေ။

သတင်းစဥ်