(၁၀) ကြိမ်မြောက် မြန်မာ့နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြပွဲကြီး (Agri Tech Myanmar Expo 2026)

၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ၊ မနက် ၁၀:၀၀နာရီအချိန်တွင် ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC) ၌ Silver Sea International Co., Ltd. မှ ကြီးမှူးကျင်းပသည့် (၁၀) ကြိမ်မြောက် မြန်မာ့နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြပွဲကြီး (Agri Tech Myanmar Expo 2026) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါ ဖဲကြိုးဖြတ် ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ မှ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နာယက၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ မှ တက်ရောက်ဂုဏ်ပြုခဲ့ကြပါသည်။

အခမ်းအနား ပြီးနောက် နာယက၊ ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များသည် အသင်းဝင်ကုမ္ပဏီများမှ ပါဝင်ပြသထားသော Booth များသို့ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အသင်းဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

အသင်းဝင်ကုမ္ပဏီများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းချိတ်ဆက်မှုများ ပိုမိုကျယ်ပြန့်လာစေရေးနှင့် နိုင်ငံတကာစီးပွားရေးကဏ္ဍများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် ယခုကဲ့သို့ ပြပွဲများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

Agri Tech Myanmar Expo 2026 ပြပွဲအား ၂၀၂၆ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ YCC တွင် ၃ရက်တိတိကျင်းပပြုလုပ်သွားမည့်ဖြစ်ပါသည်။