မန္တလေးတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (MACSAA) ဖွဲ့စည်းရန်ကိစ္စရပ်များ ဆွေးနွေးခြင်းအခမ်းအနား

05Dec '22

မန္တလေးတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (MACSAA) ဖွဲ့စည်းရန်ကိစ္စရပ်များ ဆွေးနွေးခြင်းအခမ်းအနား

မန္တလေးတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (MACSAA) ဖွဲ့စည်းရန်ကိစ္စရပ်များ ဆွေးနွေးခြင်းအခမ်းအနားအား

🗒️၂၅-၁၀-၂၀၂၂ ခုနှစ် (အင်္ဂါနေ့) ၊

🕐 နေ့လည် (၀၁:၀၀) နာရီတွင်

🏤 မန္တလေးတိုင်းဒေသကြီး၊ လမ်း၈၀-၂၃လမ်းထောင့်ရှိ ကရဝိတ်ကဖေးတွင် ကျင်းပခဲ့ပြီး

ရန်ကုန်တိုင်းအသင်းမှ –

(၁) ဥက္ကဌ – ဦးသန်းထိုက်လွင်

(၂) အလုပ်အမှုဆောင် – ဦးကျော်စောနိုင်

(၃) အလုပ်အမှုဆောင် – ဦးကျော်ကျော်ထက် နှင့်

မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်ပြီး ရန်ကုန်တိုင်းအသင်းတွင် Member ဝင်ထားသည့် YACSAA Member များဖြစ်ကြသော

(၁) ဦးသူရမောင် – YACSAA Member

(၂) ဦးကိုကိုလတ် – YACSAA Member

(၃) ဦးအောင်ဝင်း – YACSAA Member

(၄) ဦးရဲကျော်ကို – YACSAA Member

(၅) ဦးအေးနိုင် – YACSAA Member တို့မှ တက်ရောက်လာခဲ့ကြပြီး

အခမ်းအနားတွင်

▶️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှာ မိတ်ဆက်အမှာစကားပြောကြားခြင်း

▶️ ရန်ကုန်တိုင်းအသင်းမှ CEC-EC များ နှင့် တက်ရောက်လာကြသော မန္တလေးတိုင်းဒေသကြီး မှ ဧည်သည့်တော်များမှ အချင်းချင်း မိတ်ဆက်စကားပြောခြင်း

▶️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှ အသင်း၏ ရည်ရွယ်ချက်များ နှင့် အသင်းစတင်တည်ထောင်ခဲ့သော ၂၀၁၈ နှစ်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းအသင်းမှ လှုပ်ရှားဆောင်ရွက်ခဲ့သော YACSAA Activities များအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း

▶️ မန္တလေးတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဖြစ်မြောက်ရန်အတွက် တက်ရောက်လာသော ဧည်သည့်တော်များ နှင့် ရန်ကုန်တိုင် အသင်း ဥက္ကဌ မှ ဆွေးနွေးခြင်း

▶️ တက်ရောက်လာကြသော ဧည့်သည်တော်များမှ မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း နှင့်ပက်သတ်၍ သိလိုသောအကြောင်းအရာများအား မေးမြန်းရာ ရန်ကုန်တိုင်းအသင်း ဥက္ကဌ မှ ဖြေကြားခြင်း

▶️ ရန်ကုန်တိုင်းအသင်းအနေဖြင့် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MACSAA) ဖြစ်မြောက်ရေးတွင် အပြည့်အဝကူညီသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအသင်း ဥက္ကဌ မှပြောကြာခြင်း

▶️ ရန်ကုန်တိုင်း YACSAA အသင်းတွင် အသင်းဝင်ထားသော မန္တလေးတိုင်းဒေသကြီးမှ Member များအား မန္တလေးတိုင်းအသင်း – MACSAA တည်ထောင်ပြီးပါက မန္တလေးတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ (MACSAA) ၏အသင်းဝင် Founding Members များအဖြစ်ပြောင်းလဲ Registration ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြာခြင်း

▶️ မန္တလေးတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – Mandalay Region of Automotive Components, Spare Part & Accessories Association – (MACSAA) ဖြစ်မြောက်အောင်မြင်ရန်အတွက် ရန်ကုန်တိုင်းအသင်းမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအသင်း−ဥက္ကဌ ဦးသန်းထိုက်လွင် မှ ပြောကြားခဲ့ပြီး

▶️ တက်ရောက်လာကြသော ဧည်သည့်တော်များ နှင့် အထွေထွေ ဆွေးနွေးခြင်းတို့အား ပြုလုပ်ခဲ့ကြပြီးအခမ်းအနားကို နေ့လည် (၀၃:၀၀) နာရီအချိန် ရပ်နား၍ အမှတ်တရ ဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။

see also

releated posts