ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (၂၀၂၂ – ၂၀၂၅) ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား

09Jan '23

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း (၂၀၂၂ – ၂၀၂၅) ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား

၁၇-၁၂-၂၀၂၂ ခုနှစ် (စနေနေ့ ) တွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – Yangon Region Automotive Components, Spare Parts & Accessories Association (YACSAA) ၏ ၂၀၂၂ – ၂၀၂၅ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားအား နံနက် ၉:ဝ၀ နာရီမှ ၁၁:ဝ၀ နာရီအထိ ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ၊ မြန်မာနိုင်ငံစက်မှုလက်မှုကုန်သည်လုပ်ငန်းရှင်းအများအသင်းချုပ်ရုံး – UMFCCI (မဂ်လာခန်းမ) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ၂၀၂၂ – ၂၀၂၅ ခုနှစ်သက်တမ်း အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအတွက် ရွေးချယ်တင်မြှောက်ပွဲ ကြီးကြက်ရေး ကော်မရှင်အဖွဲ့ ဥက္ကဌ – ဦးတင့်ကိုကို နှင့့်် အဖွဲ့ဝင် (၄) ဦးတို့ မှ ၂၀၂၂ – ၂၀၂၅ သက်တမ်းအတွက် အမှုဆောင်များရွေးချယ်တင်မြှောက်ခြင်း၊ ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များစာရင်းအား အတည်ပြုကြေညာခြင်းများဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းသူ၊ အသင်းသားများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံလင်စွာတက်ရောက်ခဲ့ကြပြီး အခမ်းအနားမတက်ရောက်နိုင်သော အသင်းသူ၊ အသင်းသားများအတွက် Online မှတဆင့် ရွေးချယ်တင်မြှောက်ပွဲအား ကြည့်ရှုနိုင်ရန် စီစဉ်ပေးခဲ့ပြီး ၂၀၂၂ – ၂၀၂၅ ခုနှစ်သက်တမ်းအတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားအား အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

see also

releated posts