ဧရာဝတီတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – AYACSAA (ယာယီ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားအား ၂-၇-၂၀၂၃ ခုနှစ် (တနဂ်တွေနေ့) နံနက်(၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ် ရှိ Shekinah Hotel တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ
(၁) ဥက္ကဌ – ဦးသန်းထိုက်လွင်
(၂) ဒုဥက္ကဌ (၂) – ဦးအောင်နိုင်ထွန်း၊
(၃) ဒုဥက္ကဌ (၃) – ဦးအောင်ကျော်စိုး၊
(၄) တွဲဖက်-အထွေထွေအတွင်းရေးမှုး (၃) – ဦးရဲမင်းထက်
(၅) ဦးစံသိန်း – ဘဏ္ဍာရေးမှူး
(၆) ဒေါ် ရိုစီရောင်း – စာရင်းစစ်
(၇) ဦးမြင့်အောင် – အလုပ်အမှုဆောင်
(၈) ဦးတင်မောင်အေး -အလုပ်မှုဆောင်
(၉) ဦးရဲသူလှကျော် – အလုပ်အမှုဆောင် တို့တက်ရောက်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး အသင်းဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များစုံလင်စွာ တက်ရောက်လာခဲ့ကြပါသည်။
အခမ်းအနားတွင်
ရန်ကုန်တိုင်းအသင်းဥက္ကဌ – ဦးသန်းထိုက်လွင် မှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခြင်း
ရန်ကုန်တိုင်းအသင်းမှ CEC-EC များ မှ တက်ရောက်လာကြသော ဧရာဝတီတိုင်းဒေသကြီး မှ ဧည်သည့်တော်များကို မိတ်ဆက်စကားပြောကြားခြင်း
ရန်ကုန်တိုင်းအသင်းဥက္ကဌ – ဦးသန်းထိုက်လွင် မှ အသင်း၏ ရည်ရွယ်ချက်များ နှင့် အသင်းစတင်တည်ထောင်ခဲ့သော ၂၀၁၈ နှစ်မှစ၍ ယနေ့အထိ ရန်ကုန်တိုင်းအသင်းမှ လှုပ်ရှားဆောင်ရွက်ခဲ့သော YACSAA Activities များ နှင့် အသင်းပေါ်ပေါက်လာပုံအကြောင်းအရာများအား Power Point ဖြင့် ရှင်းလင်းတင်ပြခြင်း
၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရန်ကုန်တိုင်းအသင်းနှင့်ချိတ်ဆက်ကျင်းပပြုလုပ်ခဲ့သောနိုင်ငံတကာ Exhibition ပြပွဲများအကြောင်းအား ရှင်းလင်းပြောကြားခြင်း
ဧရာဝတီတိုင်းကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) ဖွဲ့စည်းတည်ထောင်ရန်အတွက် တက်ရောက်လာသော ဧည်သည့်တော်များ နှင့် ရန်ကုန်တိုင် အသင်း ဥက္ကဌ – ဦးသန်းထိုက်လွင် မှ ဆွေးနွေးခြင်း
တက်ရောက်လာကြသော ဧည့်သည်တော်များမှ ရန်ကုန်တိုင်း မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းအား သိလိုသောအကြောင်းအရာများကို မေးမြန်းရာ ရန်ကုန်တိုင်းအသင်း ဥက္ကဌ ဦးသန်းထိုက်လွင် မှ ဖြေကြားခြင်း
ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – AYACSAA ဖြစ်မြောက်ရန် (ယာယီ)ဖွဲ့စည်းတည်ထောင်ခြင်းအတွက် တက်ရောက်လာကြသော ဧည့်သည်တော်များမှ ဗဟိုအလုပ်အမှုဆောင် (၁၁) ဦးနှင့် အလုပ်အမှုဆောင် (၉) ဦးစာရင်းတို့အားစာရင်းပေးသွင်းခြင်း
ရန်ကုန်တိုင်းအသင်းအနေဖြင့် ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (AYACSAA) ဖြစ်မြောက်ရေးတွင်အပြည့်အဝကူညီသွားမည်ဖြစ်ကြောင်း ၊ ဧရာဝတီတိုင်းဒေသကြီး အသင်း – AYACSAA (ယာယီ) ဥက္ကဌ – ဦးထွန်းထွန်း မှ ရန်ကုန်တိုင်းအသင်းဥက္ကဌ – ဦးသန်းထိုက်လွင်အား ဦးဆောင်ကူညီဆောင်ရွက်ပေးခြင်းအား ကျေးဇူးအထူးတင်ရှိပါကြောင်းပြောကြားခြင်း၊
ဧရာဝတီတိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – Ayarwaddy Region of Automotive Components, Spare Part & Accessories Association – ( AYACSAA) ဖြစ်မြောက်အောင်မြင်ရန်အတွက် ရန်ကုန်တိုင်းအသင်းရုံးအဖွဲ့မှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ရန်ကုန်တိုင်းအသင်း−ဥက္ကဌ ဦးသန်းထိုက်လွင် မှ ပြောကြားခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးမော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) အဖွဲ့ ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များ၊ အတက်ရောက်လာကြသောဧည့်သည်တော်တ များနှင့်အတူတကွ အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး အခမ်းအနားကို နံနက် (၁၁:၄၅) မိနစ်အချိန် တွင်ရပ်နားခဲ့ပါသည်။















