Myanmar Cars and Spare Parts Expo 2025 ပြပွဲကြီး
မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) နှင့် မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) တို့ပူပေါင်းပြီး Myanmar Cars and Spare Parts Expo 2025 ပြပွဲကြီးအား နိုဝင်ဘာလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ အဆိုပါပြပွဲကြီးတွင် ယာဉ်အပိုပစ္စည်းကဏ္ဍမှ တင်သွင်းဖြန့်ဖြူးရောင်းချလျှက် ရှိသော လုပ်ငန်းပေါင်းများစွာ ပါဝင်ပြသနိုင်ရန်ရည်ရွယ်ထားပါသည်။ ဆိုင်ခန်းရယူပြသလိုသော အသင်းဝင်များအနေဖြင့် အသင်းသို့ ဆက်သွယ်နိုင်ပါသည်။Ph: 09-892006864Eamil: macsaa.info@gmail.com










