ရန်ကုန်တိုင်းအသင်း ဥက္ကဌ နှင့်တကွ ဒုဥက္ကဌများ ၊ အလုပ်အမှုဆောင်များ မှ တာမွေအခွန်လွတ်ဈေး (ကားပစ္စည်းရောင်းဝယ်ရေးစခန်း) ရှိ အသင်းဝင်များ နှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးပြီး၊ အသင်းဝင်များ၏ဆိုင်များသို့ လှည့်လည်ကြည့်ရှုခြင်း။

  • July 9, 2026

၂၀၂၆ ခုနှစ် ဇန်နဝါရီလ (၃၀) ရက် (အဂ်ါနေ့) နံနက် (၁၀:၃၀) နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ အာရုံသစ် Tea House ၌ ရန်ကုန်တိုင်းအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် တာမွေ အခွန်လွတ်ဈေးရှိ ရန်ကုန်တိုင်းအသင်းဝင်များနှင့် ရင်းနှီးမှုရရှိရန် နှင့် အသင်း၏ လုပ်ငန်းဆောင်များ ပိုမိုတိုးတက်မြန်ဆန်စေရန် အတွက် တွေ့ဆုံပွဲတစ်ခုအား ကျင်းပပြုလုပ်ခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းအသင်း ဥက္ကဌ မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် အသင်းဝင်များ မှအပြန်အလှန် မိတ်ဆက်ခြင်း၊ ရင်းနှီးစွာ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ရန်ကုန်တိုင်းအသင်းအနေဖြင့် ၂၀၂၅–၂၀၂၈ သက်တမ်း

(၁၀) ကြိမ်မြောက် မြန်မာ့နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြပွဲကြီး (Agri Tech Myanmar Expo 2026)

  • July 9, 2026

၂၀၂၆ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ ၊ မနက် ၁၀:၀၀နာရီအချိန်တွင် ရန်ကုန်မြို့၊ အင်ယားလိပ်ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Center (YCC) ၌ Silver Sea International Co., Ltd. မှ ကြီးမှူးကျင်းပသည့် (၁၀) ကြိမ်မြောက် မြန်မာ့နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေးနှင့် ရေလုပ်ငန်းဆိုင်ရာ ပြပွဲကြီး (Agri Tech Myanmar Expo 2026) အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ ဖဲကြိုးဖြတ် ဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ မှ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး နာယက၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ မှ

MOU Singing & Press Launching

  • May 28, 2026

၂၀၂၆ခုနှစ် – မေလ (၂၀) ရက်၊ ဗုဒ္ဓဟူးနေ့ နေ့လည် (၁:၀၀) နာရီအချိန် Inya Lake Hotel (Mingalar Ballroom) ခမ်းမတွင် Silver Sea International Ltd မှ ကြီးမှူး၍ကျင်းပပြုလုပ်ခဲ့သည့် MOU Singing & Press Launching အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA) မှ ဒုဥက္ကဌ (၁)၊ ဒုဥက္ကဌ (၂) နှင့်တကွ အထွေထွေအတွင်းရေးမှူး နှင့် အလုပ်အမှုဆောင်များ စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (YACSAA) အနေဖြင့် Silver Sea International Ltd မှစီစဥ်သည့်

AUTOMECHANIKA KUALA LUMPUR – 2026

  • May 28, 2026

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe Frankfurt မှ ကြီးမှူး၍ 2026 ခုနှစ်၊ May – 14 ရက်နေ့မှ 16 ရက်နေ့အထိ မလေးရှားနိုင်ငံ၊ Kuala Lumpur မြို့ရှိ Kuala Lumpur Convention Center (KLCC) တွင် ကျင်းပြုလုပ်သွားသော “AUTOMECHANIKA KUALA LUMPUR – 2026” ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA မှ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် – (1) ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက်

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲအခမ်းအနား

  • May 6, 2026

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည်အထွေထွေအစည်းအဝေး နှင့် ညစာစားပွဲအခမ်းအနားအား (၂၅.၄.၂၀၂၆) စနေနေ့ ညနေ (၆း၀၀) နာရီ တွင် ရန်ကုန်မြို့ Myanmar Culture Valley, People Park တွင် ပြုလုပ်ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် တာဝန်ပေးအပ်ခြင်းခံရသော အလုပ်အမှုဆောင် များ စာရင်းအား ကော်မရှင်ဥက္ကဌမှ ဖတ်ကြားတင်ပြခြင်း၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း နာယက ဒေါက်တာဦးစိုးထွန်းမှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ (၂၀၂၂ – ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ဘဏ္ဍာရေးမှူးမှ ဘဏ္ဍာရေးစာရင်း ရှင်းတမ်းများဖတ်ကြားတင်ပြခြင်း

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား

  • May 6, 2026

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ (၂၀၂၅-၂၀၂၈) ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင်ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား အား (၂၅.၄.၂၀၂၆) စနေနေ့ နံနက် ၉:၀၀ နာရီတွင် ရန်ကုန်မြို့ Panda Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အသင်း၏ ရွေးချယ်တင်မြှောက်ပွဲကြီးကြပ်မှုကော်မရှင်၏ လမ်းညွှန်မှုနှင့် အညီ (၂၀၂၅-၂၀၂၈)ခုနှစ်သက်တမ်း အတွက် အလုပ်အမှုဆောင် များ အား ရွေးချယ်တင်မြှောက်ခဲ့ပါသည်။ (၂၀၂၂ – ၂၀၂၅ ) ခုနှစ် သက်တမ်းအတွက် ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သော ဦးသန်းထိုက်လွင် မှ နောင်လာမည့် သက်တမ်းအတွက် ရွေးချယ်ခံရမည့် အလုပ်အမှုဆောင်အဖွဲ့ အနေဖြင့် အသင်းသူအသင်းများ နှင့် မော်တော်ယာဉ်အပိုပစ္စည်းကဏ္ဍတိုးတက်ရေး အတွက် ရှေးရှုပြီး ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း

Myanmar Cars & Spare Parts Biggest Expo 2026 ပြပွဲဖွင့်ပွဲအခမ်းအနားပုံ

  • February 27, 2026

Myanmar Cars And Spare Parts Biggest Expo 2026 ပြပွဲကြီးအား ၂၀ – ၂ – ၂၀၂၆ ခုနှစ် (သောကြာနေ့) နံနက် ၀၆:၃၀ မိနစ် အချိန်တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ပြည်လမ်း ရှိ ပြည်သူ့ရင်ပြင်တွင် – ၁။ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်း ၂။ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် ၃။စည်ပင်သာရာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး ၄။စီးပွါးရေးရာဝန်ကြီး ဦးမျိုးမြင့်အောင် ၅။MORS ဥက္ကဌ ဦးလျန်ကျင့်မန် ၆။MAMDAဥက္ကဌ ဒေါက်တာကျော်ကျော်အောင် ၇။YRAMDA ဥက္ကဌ ဦးထိန်လင်းအောင် ၈။MYACSAA ဥက္ကဌ ဦးသန်းထိုက်လွင် တို့မှ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ပြပွဲအား

Friendship Golf Tournament 2026 – Dinner

  • January 27, 2026

၁၄.၁. ၂၀၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ၊ရေတံခွန်တောင် Golf Resort တွင် ကျင်းပပြုခဲ့သော Friendship Golf Tournament – 2026 တွင် မြန်မာနိုင်ငံအသင်းဥက္ကဌ နှင့် အလုပ်အမှုအဆောင်များ၊ နေပြည်တော် အသင်းဥက္ကဌ နှင့် အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်းအသင်း ဥက္ကဌ နှင့်အလုပ်အမှုဆောင်များ ပါဝင်ခဲ့ကြပြီး ယင်းနေ့ ညနေ ၆ နာရီအချိန် တွင် Ceremon Grand Outdoor တွင် ဆုပေးပွဲ နှင့် ညစာ စားပွဲအား ဆက်လက်ကျင်းပခဲ့ပါသည်။ အဆိုပါ ညစာ အခမ်းအနားတွင် – (၁)

Automechanika Shanghai – AMS 2025 (China)

  • December 12, 2025

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe  Frankfurt မှ ကြီးမှူး၍ 2025 ခုနှစ်၊ November 26 ရက်နေ့မှ 29 ရက်နေ့အထိ တရုတ်နိုင်ငံ Shanghai  မြို့ ရှိ National Exhibition & Convention Center (NECC) တွင် ကျင်းပြုလုပ်သွားသော Automechanika Shanghai 2025 – AMS ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – YACSAA ၏ အလုပ်အမှုဆောင်ဦးမောင်မောင်လတ် နှင့်တကွ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် –

မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (MYACSAA) ရုံးခန်းသစ်ဖွင့်လှစ်ခြင်း

  • December 6, 2025

မြန်မာနိုင်ငံမော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ ရုံးခန်းသစ် အား ရန်ကုန်မြို့ ဦးဝိစာရ လမ်းရှိ Myanmar Culture Valley တွင် (၃၀.၁၁.၂၀၂၅) ရက်နေ့ နံနက် (၇) တွင် ဖွင့်လှစ်ခဲ့ပြီး ဥက္ကဌ၊ ဒုဥက္ကဌ များ နှင့် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ရုံးခန်းတွင် MYACSAA , MORS နှင့် MAMDA အသင်းများနှင့် အတူ ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပြီး အခမ်းအနားအား  အသင်းဥက္ကဌများမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဆရာတော်သံဃာတော်များ မှ မင်္ဂလာတရားတော်ဟောကြားခြင်း၊ လှူဖွယ်များ ဆက်ကပ်လှူဒါန်းခြင်း၊ အာရုဏ်ဆွမ်းဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်း များဆောင်ရွက်ခဲ့ပါသည်။ အသင်းဝင်များအနေဖြင့် အသင်းရုံးနှင့်ဆက်သွယ်ဆောင်ရွက်ရာတွင် ယခုအသစ်ဖွင့်လှစ်ထားသည့် ရုံးခန်း