၁၇.၁၁.၂၀၁၉ ခုနှစ် တွင် ကျင်းပပြု လုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်း ရှင်များအသင်း၏ အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေ အစည်း အဝေး အထိမ်းအမှတ် ညစာစားပွဲ

  • November 25, 2019

၁၇.၁၁.၂၀၁၉ ခုနှစ် တနဂ်နွေနေ့တွင် ရန်ကုန်မြို့၊ အမှတ်(၃၄)၊ လေးဒေါင့်ကန်လမ်း၊ ကျိက္ကဆံစူပါဝမ်းအနီး တာမွေမြို့နယ်ရှိ Color Stones Restaurant ၌ ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေး အထိမ်းအမှတ်ညစာစားပွဲတွင် အမှတ် (၂) စက်မှု့ဝန်ကြီးဌာန ဒု-ဝန်ကြီး (ငြိမ်း) ဦးခင်မောင်ကျော်၊Myanmar Industries Association မှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ Automotive Association of Myanmar မှ ဒုတိယဥက္ကဌ၊ Myanmar Automobile Manufacturer and Distributor Association

၁၇.၁၁.၂၀၁၉ ခုနှစ် တွင် ကျင်းပ ပြု လုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်း ရှင်များအသင်း၏ အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေ အစည်း အ ဝေးပွဲကြီး

  • November 25, 2019

၁၇.၁၁.၂၀၁၉ ခုနှစ် တနဂ်နွေနေ့တွင် ရန်ကုန်မြို့ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်ရှိ Sky Star Hotel ၌ နေ့လည် ၃ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲကြီးအား Myanmar Industries Association မှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ UMFCCI မှ တာဝန်ရှိလူကြီးမင်းများ၊ Automotive Association of Myanmar မှ ဒုတိယဥက္ကဌ၊ Myanmar Automobile Manufacturer and Distributor Association မှ ဥက္ကဌ နှင့် ဒုတိယဥက္ကဌများ တာဝန်ရှိပုဂ္ဂိုလ်များ

မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ ခင်ဗျာ

  • November 13, 2019

ကျွန်တော်များ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း (Yangon Region Automotive Components, Spare Parts & Accessories Association – YACSAA) ၏ ပထမအကြိမ် အသင်းသားစုံညီ နှစ်ပါတ်လည် အထွေထွေ အစည်းအဝေးနှင့် ညစာစားပွဲအား နိုဝင်လာ (၁၇) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် အပိုပစ္စည်း နှင့်ဆက်စပ်သောတင်သွင်းဖြန့်ချီရောင်းချသောလုပ်ငန်းရှင်များ၊ Service and Workshop များအနေဖြင့် အသင်းဝင်ထားသည်ဖြစ်စေ မဝင်ထားသည် ဖြစ်စေ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် နိုင်ရန် ဖိတ်ကြားအပ်ပါသည်

MYAN AUTO International Auto Parts, Accessories, Service And Repair Equipment Exhibition 2019

  • September 17, 2019

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza တွင် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပခဲ့သော MYAN AUTO International Auto Parts, Accessories, Service And Repair Equipment Exhibition 2019 ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌများနှင့်တကွ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပီး ဒုဥက္ကဌ ၁ ဦးမိုးကျော်စွာမှ ဖဲကြိုးဖြတ်အခမ်းအနားတွင်ပါဝင်ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစည်းလုပ်ငန်းရှင်များအသင်းမှ ပြခန်းရယူပြီး အသင်းအကြောင်းများရှင်းလင်းခြင်း၊ အသစ်သားအသစ်များလက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဌ နှင့် ဒုဥက္ကဌများ ဗဟိုအလုပ်အမှုဆောင်များ မှ တာမွေဈေးရှိ အသင်းသူအသင်းသားများထံသို့ ကိုယ်တိုင်သွားရောက်၍ အသင်း၏ ရည်ရွယ်ချက်များအား ရှင်းပြပုံရိပ်များ

  • August 22, 2019

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ၁၇.၈.၂၀၁၉ ရက်နေ့ မနက် ၉:၃၀ နာရီအချိန် တွင် ဥက္ကဌ ဒုဥက္ကဌများနှင့် ဗဟိုအလုပ်အမှုဆောင်များ မှ တာမွေယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးဈေးရှိ အသင်းသူအသင်းသားများနှင့်ဈေးသူဈေးသားများထံသို့ အသင်း၏ရည်ရွှယ်ချက်များအားရှင်းပြရန်အတွက်လည်းကောင်း / အသင်း နှင့် အသင်းသူအသင်းများကြား ပိုမိုရင်းနှီးမှု့ ရရှိစေရန် အတွက်လည်းကောင်း သွားရောက်တွေ့ဆုံခဲ့သော ပုံရိပ်များဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း ဥက္ကဌ နှင့် ဒုဥက္ကဌများ ဗဟိုအလုပ်အမှုဆောင်များ မှ ဘုရင့်နောင်ဈေးရှိ အသင်းသူအသင်းသားများထံသို့ ကိုယ်တိုင်သွားရောက်၍ အသင်း၏ ရည်ရွယ်ချက်များအား ရှင်းပြပုံရိပ်များ

  • August 22, 2019

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ ၁၅.၈.၂၀၁၉ ရက်နေ့ မနက် ၉:၃၀ နာရီအချိန် တွင် ဥက္ကဌ နှင့် ဒုဥက္ကဌများ ဗဟိုအလုပ်အမှုဆောင်များ မှ ဘုရင့်နောင်ယာဉ်အပိုပစ္စည်းရောင်းဝယ်ရေးဈေးရှိ အသင်းသူအသင်းသားများနှင့်ဈေးသူဈေးသားများထံသို့ အသင်း၏ရည်ရွှယ်ချက်များအားရှင်းပြရန်အတွက်လည်းကောင်း / အသင်း နှင့် အသင်းသူအသင်းများကြား ပိုမိုရင်းနှီးမှု့ ရရှိစေရန် အတွက်လည်းကောင်း သွားရောက်တွေ့ဆုံခဲ့သော ပုံရိပ်များဖြစ်ပါသည်။

YACSAA Retreat 2019

  • June 25, 2019

22.6.2019 ရက်နေ့တွင် WH Hotel သန်လျင်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Retreat 2019 အား မော်တော်ယာဉ်နှင့် ဆက်စပ်အပိုပစ္စည်းကဏ္ဍ တိုးတက်လာစေရန်အတွက် လုပ်ငန်းစဉ်များချမှတ်ရန်၊ အသင်း၏ 2019-2022 သက်တမ်းအတွင်း နှစ်အလိုက် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရန်နှင့် ဆပ်ကော်မတီဝင်များ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များမှ အတူတကွ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ပါသည်။ Retreat 2019 တွင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များမှ အသင်း၏ Vision , Mission များ ချမှတ်ခဲ့ပြီး၊ Activities, Team Work များဖြင့် အောင်မြင်စွာ

၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ်အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ အခမ်းအနား ပုံရိပ်များ

  • April 4, 2019

ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ (၂၀၁၉ – ၂၀၂၂) ခုနှစ် အလုပ်အမှုဆောင်သက်တမ်း ရွေးချယ်တင်ြမှောက်ပွဲအား (27.3.2019) ရက်နေ့တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ UMFCCI တွင် အောင်မြင်စွာကျင်းပပြုလုပ်ပြီးစီးခဲ့ပြီး အောက်ပါပုဂ္ဂိုလ်များအား အဆိုပါသက်တမ်းအတွက် အလုပ်အမှုဆောင်များအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါသည်။ ဥက္ကဌ – ဦးသန်းထိုက်လွင်ဒုဥက္ကဌ (၁) – ဦးမိုးကျော်စွာဒုဥက္ကဌ (၂) – ဦးအောင်နိုင်ထွန်းဒုဥက္ကဌ (၃) – ဦးသန့်ဇင်အထွေထွေအတွင်းရေးမှူး – ဦးအောင်ကျော်စိုးတွဲဖက်အထွေထွေအတွင်းရေးမှူး (၁) – ဦးဇေယျာညီတွဲဖက်အထွေထွေအတွင်းရေးမှူး (၂) – ဦးရဲမင်းထက်တွဲဖက်ထွေထွေအတွင်းရေးမှူး (၃) – ဦးနေသူရိန်ဘဏ္ဍာရေးမှူး – ဦးစံသိန်းတွဲဖက်ဘဏ္ဍာရေးမှူး – ဦးမျိုးမင်းထွန်းစာရင်းစစ် – ဦးစိန်လှိုင်

အလုပ် အမှုဆောင် အရွေးချယ်ခံ ကိုယ်စားလှယ် လောင်းများ ၏ စာရင်း

  • March 21, 2019

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ ရွေးချယ် တင်မြှောက်ပွဲ ကော်မရှင်မှ အတည်ပြုထားသော အလုပ်အမှုဆောင် အရွေးချယ်ခံ ကိုယ်စား လှယ်လောင်းများ ၏ စာရင်းအား ထုတ်ပြန် ကြေညာ အပ်ပါသည်။ No ID Name Company Name 1 00001 U Than Htaik Lwin Proven Group of Companies 2 00033 U Arkar Moe Golden Triangle Spare Parts 3 00038 U Kyaw Saw Naing

၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲ

  • March 9, 2019

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း၏ ၂၀၁၉-၂၀၂၂ ခုနှစ် သက်တမ်း အတွက် အလုပ် အမှုဆောင် ရွေးချယ် တင်မြှောက်ပွဲအား ၂၀၁၉ ခုနှစ် မတ်လ ၂၇ ရက်နေ့ (တပ်မတော်နေ့) တွင် ရန်ကုန်မြို့ မင်းရဲကျော်စွာ လမ်းရှိ UMFCCI , Ground Floor, Class Room (2) တွင် နံနက် ကိုးနာရီမှ စတင် ကျင်းပ ပြုလုပ် သွားမည် ဖြစ်ပါသည်။ ဖေဖော်ဝါရီ လ ၂၈ ရက်နေ့ထိ အသင်းဝင်ကြေး ပေးသွင်း ထားပြီးသူ အသင်းသားများ နေဖြင့် ၂၀၁၉