Automechanika Shanghai 2024 Event

  • December 9, 2024

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe Frankfurt မှ ကြီးမှူး၍ 2024 ခုနှစ်၊ December 2 ရက်နေ့မှ 5 ရက်နေ့အထိ တရုတ်နိုင်ငံ Shanghai မြို့ National Exhibition & Convention Center (NECC) တွင် ကျင်းပြုလုပ်သွားသော Automechanika Shanghai 2024 ပြပွဲကြီးတွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – YACSAA မှ ဥက္ကဌ နှင့်တကွ အသင်းသူ/အသင်းသားများ တက်ရောက်ခဲ့ကြပါသည်။ ပြပွဲတက်ရောက်နိုင်ရေးအတွက် အသင်းရုံးအဖွဲ့အနေဖြင့် – (1) ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက်

မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ မိတ်ဆုံညစာစားပွဲ

  • August 4, 2024

ယင်းနေ့ ညနေ (၆) နာရီအချိန်တွင် မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ မိတ်ဆုံ ညစာစားပွဲအား Coral Inya Bar တွင် ပြုလုပ်ကျင်းပခဲ့ရာ ပြည်နယ်နှင့်တိုင်းအသီးသီးမှ အလုပ်အမှုဆောင်များ နှင့် အသင်းသူအသင်းသားများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပါသည်။အဆိုပါ မိတ်ဆုံညစာစားပွဲတွင် အသင်းဥက္ကဌ နှင့် အထူး ဖိတ်ကြားထားသော ဧည့်သည်တော်မှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပြီး ပွဲဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းပံ့ပိုးပေးသည့် Company များ၊ အသင်းရန်ပုံငွေအတွက် လှူဒါန်းသည့် Company များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီးနောက် နံနက်ပိုင်းတွင်် ကျင်းပပြုလုပ်ခဲ့သည့် မိတ်ဆက် ဂေါ့ဖ်ရိုက်ပြိုင်ပွဲ ဆုရရှိသည့် အသင်းဝင်များအား ဆုချီးမြှင့်ခြင်း၊ အသင်းဝင်တစ်ဦးနှင့်တစ်ဦး ရင်းနှီးစွာမိတ်ဆက်ခြင်းဖြင့် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။

မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း မိတ်ဆက် ဂေါ့ဖ်ရိုက်ပြိုင်ပွဲ

  • August 4, 2024

အသင်းသူအသင်းသားများအကြား ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ မိတ်ဆက်ဂေါ့ဖ်ရိုက်ပြိုင်ပွဲ အား (၄.၈.၂၀၂၄) ရက် တနဂ်နွေနေ့တွင် ရန်ကုန်မြို့ Dagon Golf City တွင် ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်နှင့်တိုင်းအသီးသီးမှ အလုပ်အမှုဆောင်များ ၊အသင်းသူအသင်းသားများ နှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

MYACSAA (2/2024) & YACSAA (3/2024) Meeting

  • July 12, 2024

မြန်မာနိုင်ငံမော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း (ယာယီ) ၂/၂၀၂၄ အစည်းအဝေး နှင့် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၄) တို့အား ၁၂-၇-၂၀၂၄ခုနှစ် (သောကြာနေ့) ၊ နေ့လည် ၀၃:၀၀ နာရီအချိန်၌ F/S-14, 6 Floor, ရွှေစံပယ်ရိပ်မွန်၊ ဘုရင့်နောင်လမ်းကြီး၊ ကမာရွတ်မြို့နယ်တွင် (Hybride Meeting) အနေဖြင့် ပူးတွဲကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအ​ဝေးတွင် ➡️ ရန်ကုန်တိုင်းအသင်းဥက္ကဌ မှ တက်ရောက်လာကြေသော မြန်မာနိုင်ငံအသင်း နှင့် ရန်ကုန်တိုင်းအသင်းတို့မှ အလုပ်အမှုဆောင်များအား နှုတ်ခွန်းဆက်စကားပြောကြားခြင်း။ ➡️ မြန်မာနိုင်ငံအသင်းအား ဖော်ဆောင်ရာတွင် ရှေးလုပ်ငန်းစဉ်များအလိုက် (Vision – Mission) များအားချမှတ်ပြီး ပြင်ဆင်၊ ဖြည့်စွက်၊ အတည်ပြု ရေးဆွဲခြင်း။

Automechanika Ho Chi Minh City 2024

  • June 20, 2024

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း – YACSAA ၏ Member Benefits တစ်ခုအနေဖြင့် Messe Frankfurt မှကြီးမှူး၍ Vietnam နိုင်ငံ Ho Chi Minh City (Saigon Exhibition & Convention Center – SECC) တွင် 2024 ခုနှစ် – June လ 20 ရက်နေ့မှ 22ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သော Automechanika Vietnam – 2024 ပြပွဲကြီးတွင် YACSAA အသင်းမှ အသင်း၀င်များ တက်ရောက်ခဲ့ကြသည်။ ပြပွဲတက်ရောက်မည့် အသင်းဝင်များအတွက် ▶️ Online Registration

မွန်ပြည်နယ် မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – MOACSAA (ယာယီ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနား

  • March 5, 2024

မွန်ပြည်နယ် မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – MOACSAA (ယာယီ) ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားအား ၅-၃-၂၀၂၄ ခုနှစ် (အင်္ဂါနေ့) နေ့လည် (၀၂:၀၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းမပေါ် ရှိ NGWE MOE Hotel (Bayint Naung Room) တွင် ကျင်းပခဲ့ပြီးရန်ကုန်တိုင်းအသင်းမှ – (၁) ဥက္ကဌ – ဦးသန်းထိုက်လွင် (၂) တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) – ဦးရဲမင်းထက် (၂) အလုပ်အမှုဆောင် – ဦးကျော်သက် (၃) အလုပ်အမှုဆောင် – ဦးတင်မောင်အေး (၄) အလုပ်အမှုဆောင် – ဦးမြင့်အောင်

Automechanika Shanghai 2023 (The third day of the exhibition)

  • November 29, 2023

Automechanika Shanghai 2023 ပြပွဲ တတိယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဒုဥက္ကဌနှင့် အလုပ်အမှုဆောင်များ သည် China Automotive Maintenance and Repair Trade Association မှ Representative ဖြင့်လည်းကောင်း China Guangdong Hong Kong and Macao Greater Bay Area Traffic Service Industry Federation မှ President of Guang Dong Branch ဖြင့် တွေ့ဆုံခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း ဥက္ကဌ အနေဖြင့် အဆိုပါ အသင်းများ

YACSAA အသင်းသူ အသင်းသားများ၏ Automechanika Shanghai 2023 ခရီးစဥ်

  • November 29, 2023

YACSAA အသင်းသူ အသင်းသားများ၏ Automechanika Shanghai 2023 ခရီးစဥ်အားဥက္ကဌ ဒုဥက္ကဌ နှင့် အလုပ်အမှုဆောင်များ ဦးဆောင်လျှက် အသင်းသူအသင်းသား ၃၈ ဦးဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ထွက်ခွာခဲ့ပါသည်။ ပြပွဲ၏ ဒုတိယနေ့တွင် Automechnika Shaghai Exhbition တာဝန်ခံ Show Director နှင့်တွေ့ဆုံပြီး အသင်းအား မြန်မာနိုင်ငံ Auto Parts Sector ကိုယ်စားပြုအနေဖြင့် ဖိတ်ကြားခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ယခု ပြပွဲမှ တစ်ဆင့် အသင်းသူ အသင်းသား လုပ်ငန်းရှင်များ မြန်မာနိုင်ငံသားများအတွက် Auto Parts Sector ကဏ္ဍတွင် Network များပိုမိုကျယ်ပြန့်စွာ

Resilience Taiwan Sourcing Meeting 2023

  • November 21, 2023

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဥ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – YACSAA မှ အသင်းဝင်များ၏ Member Benefits အကျိုးကိုရှေးရှုး၍ I INTERNATIONAL TRADE ADMINISTRATION MINISTRY OF ECONOMIC AFFAIRS (ITAMEA) မှစီစဉ်ပြီး TAIWAN TRADE CENTER (TAITRA) မှ ကြီးမှူး၍ 2032ခုနှစ် – November – 21 (အဂ်ါနေ့) တွင်ကျင်းပပြုလုပ်သွားသော “Resilience Taiwan Sourcing Meeting 2023” (Business Matching) တွင် ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များ အသင်း – YACSAA မှ အသင်းသူ/ အသင်းသားများအား #Matching

မြန်မာနိုင်ငံ၏ အင်ဂျင်ဝိုင် အခန်း ကဏ္ဍလေ့လာသုံးသပ်ချက် Webinar အား အသင်း Facebook Page မှ တစ်ဆင့် Live ထုတ်လွှင့်တင်ဆက်သွားမည်

  • November 11, 2020

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ မြန်မာနိုင်ငံ၏ အင်ဂျင်ဝိုင်အခန်းကဏ္ဍလေ့လာသုံးသပ်ချက် Webinar အား ၁၇.၁၁.၂၀၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁း၃၀ နာရီ အထိ အသင်း Facebook Page မှ တစ်ဆင့် Live ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။ အဆိုပါ Webinar တွင် မြန်မာနိုင်ငံ၏ Lubricants စျေးကွက်စတင်ခဲ့ပုံ၊ Lubricants အမျိုးအစားများအကြောင်း၊ Lubricants များတင်သွင်းရာတွင် နိုင်ငံတော်အစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအကြောင်း၊ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ နေ့ရက် – ၁၇.၁၁.၂၀၂၀ (အင်္ဂါနေ့)အချိန် – နံနက် ၁၀:၀၀ နာရီမှ