YACSAA Retreat 2019

  • June 25, 2019

22.6.2019 ရက်နေ့တွင် WH Hotel သန်လျင်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Retreat 2019 အား မော်တော်ယာဉ်နှင့် ဆက်စပ်အပိုပစ္စည်းကဏ္ဍ တိုးတက်လာစေရန်အတွက် လုပ်ငန်းစဉ်များချမှတ်ရန်၊ အသင်း၏ 2019-2022 သက်တမ်းအတွင်း နှစ်အလိုက် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရန်နှင့် ဆပ်ကော်မတီဝင်များ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များမှ အတူတကွ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ပါသည်။ Retreat 2019 တွင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များမှ အသင်း၏ Vision , Mission များ ချမှတ်ခဲ့ပြီး၊ Activities, Team Work များဖြင့် အောင်မြင်စွာ

1st Yangon International Motor Show

  • January 24, 2019

2019 ခုနှစ် January 23 ရက်နေ့မှ 27 ရက်နေ့ အထိ Yangon Convention Center တွင်ကျင်းပပြုလုပ်ခဲ့သော 1st Yangon International Motor Show ပွဲတွင် အသင်းမှ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ပါသည်။

11th Automotive World Japan

  • January 22, 2019

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် 2019 ခုနှစ် ဇန်နဝါရီလ 16 ရက်နေ့မှ 18 ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော 11th Automotive World တွင် YACSAA မှ သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့သောပုံရိပ်များဖြစ်ပါသည်။

IATF 16949 Seminar

  • January 3, 2019

Automotive Industry အတွက် Quality Management System နှင့် ပတ်သက်တဲ့ တစ်ခုတည်းသော ကမ္ဘာ့အသိအမှတ်ပြု System ဖြစ်တဲ့ International Automotive Task Force 16949 Seminar ကို MYANMAR BUREAU VERITAS နှင့် YACSAA အသင်းတို့ပူးပေါင်းပြီး အသင်းဝင်များအား မိတ်ဆက်ပေးခြင်းကို 24/12/2018 ရက်နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။

Sunday Talk Show

  • August 19, 2018

YACSAA အသင်းကြီး၏ ပထမဆုံးအကြိမ်အဖြစ်ပြုလုပ်သော Sunday Talk Event အား 19.8.2019 ရက်နေ့တွင် UMFCCI ၌ကျင်းပပြုလုပ်ခဲ့ပါသည်။