စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ တစ်ဆင့် ငလျင်ဘေးဒဏ်သင့် ဒေသများသို့ လှူဒါန်းငွေ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ တစ်ဆင့် ငလျင်ဘေးဒဏ်သင့် ဒေသများသို့ လှူဒါန်းရန် မြန်မာနိုင်ငံ မော်တော်ယာဥ်အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း (ယာယီ) မှ ကျပ် သိန်း ၃၀ အား ၁၀.၄.၂၀၂၅ ရက်နေ့ တွင် သွားရောက် လှူဒါန်းခဲ့ပါသည်။ UMFCCI ၏ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံတွေ့ဆုံပြီး အသင်း၏ ဒုဥက္ကဌ ၃ နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့မှ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါသည်။ သတင်းစဥ် myacsaa မြန်မာနိုင်ငံမော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း myacsaaနှင့်အတူလက်တွဲကူ 09-892006864










