မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ ခင်ဗျာ
ကျွန်တော်များ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များ အသင်း (Yangon Region Automotive Components, Spare Parts & Accessories Association – YACSAA) ၏ ပထမအကြိမ် အသင်းသားစုံညီ နှစ်ပါတ်လည် အထွေထွေ အစည်းအဝေးနှင့် ညစာစားပွဲအား နိုဝင်လာ (၁၇) ရက်နေ့ (တနင်္ဂနွေနေ့) တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာတစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် အပိုပစ္စည်း နှင့်ဆက်စပ်သောတင်သွင်းဖြန့်ချီရောင်းချသောလုပ်ငန်းရှင်များ၊ Service and Workshop များအနေဖြင့် အသင်းဝင်ထားသည်ဖြစ်စေ မဝင်ထားသည် ဖြစ်စေ စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက် နိုင်ရန် ဖိတ်ကြားအပ်ပါသည်