COVID 19 အလွန် ယာဉ်အပိုပစ္စည်းစျေးကွက် လေ့လာသုံးသပ်ချက်

  • June 16, 2020

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ #COVID19အလွန်ယာဉ်အပိုပစ္စည်းစျေးကွက်လေ့လာသုံးသပ်ချက် Webinar အား ၂၀.၆.၂၀၂၀ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၁း၃၀ နာရီ အထိ အသင်း Facebook Page မှ တစ်ဆင့် Live ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ရာ စိတ်ပါဝင်စားသူမည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။အဆိုပါ Webinar တွင် လက်ရှိ မော်တော်ယာဉ်အပိုပစ္စည်း စျေးကွက်အခြေအနေ၊ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်းကဏ္ဍများ နှင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် ကဏ္ဍများအား ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ပါသည်။ ပါဝင်ဆွေးနွေးမည့် ပုဂ္ဂိုလ်များမှာ – Speakers များအဖြစ် (1) ဦးသန်းထိုက်လွင် President, YACSAAMD- Proven Group of Companies (2) ဦးမိုးကျော်စွာ Vice

The 2nd YANGON INTERNATIONAL MOTOR SHOW 2020

  • March 12, 2020

ရန်ကုန်တိုင်းဒေသကြီး အမှတ် (၃၇) ကမ္ဘာအေးဘုရားလမ်းရှိ Yangon Convention Centre – YCC (Inya Lake Hotel Compound) တွင် 2020 ခုနှစ် – Feb 21 ရက်နေ့ မှ 23 ရက်နေ့ အထိကျင်းပပြုလုပ်ခဲ့သော The 2nd YANGON INTERNATIONAL MOTOR SHOW 2020  ပြပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင် များအသင်း မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဌ များနှင့်တကွ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက် ခဲ့ ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း

၁၇.၁၁.၂၀၁၉ ခုနှစ် တွင် ကျင်းပပြု လုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်း ရှင်များအသင်း၏ အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေ အစည်း အဝေး အထိမ်းအမှတ် ညစာစားပွဲ

  • November 25, 2019

၁၇.၁၁.၂၀၁၉ ခုနှစ် တနဂ်နွေနေ့တွင် ရန်ကုန်မြို့၊ အမှတ်(၃၄)၊ လေးဒေါင့်ကန်လမ်း၊ ကျိက္ကဆံစူပါဝမ်းအနီး တာမွေမြို့နယ်ရှိ Color Stones Restaurant ၌ ညနေ ၆ နာရီတွင် ကျင်းပပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်းလုပ်ငန်းရှင်များအသင်း၏ ပထမအကြိမ် အသင်းသား စုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေး အထိမ်းအမှတ်ညစာစားပွဲတွင် အမှတ် (၂) စက်မှု့ဝန်ကြီးဌာန ဒု-ဝန်ကြီး (ငြိမ်း) ဦးခင်မောင်ကျော်၊Myanmar Industries Association မှ ဥက္ကဌ နှင့် အဖွဲ့ဝင်များ၊ Automotive Association of Myanmar မှ ဒုတိယဥက္ကဌ၊ Myanmar Automobile Manufacturer and Distributor Association

MYAN AUTO International Auto Parts, Accessories, Service And Repair Equipment Exhibition 2019

  • September 17, 2019

ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza တွင် စက်တင်ဘာလ ၆ ရက်နေ့မှ ၈ ရက်နေ့ထိ ကျင်းပခဲ့သော MYAN AUTO International Auto Parts, Accessories, Service And Repair Equipment Exhibition 2019 ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်အပိုပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဒုဥက္ကဌများနှင့်တကွ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြပီး ဒုဥက္ကဌ ၁ ဦးမိုးကျော်စွာမှ ဖဲကြိုးဖြတ်အခမ်းအနားတွင်ပါဝင်ဖွင့်လှစ်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်အပိုပစည်းလုပ်ငန်းရှင်များအသင်းမှ ပြခန်းရယူပြီး အသင်းအကြောင်းများရှင်းလင်းခြင်း၊ အသစ်သားအသစ်များလက်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

YACSAA Retreat 2019

  • June 25, 2019

22.6.2019 ရက်နေ့တွင် WH Hotel သန်လျင်မြို့တွင် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အပိုပစ္စည်း လုပ်ငန်းရှင်များအသင်း၏ Retreat 2019 အား မော်တော်ယာဉ်နှင့် ဆက်စပ်အပိုပစ္စည်းကဏ္ဍ တိုးတက်လာစေရန်အတွက် လုပ်ငန်းစဉ်များချမှတ်ရန်၊ အသင်း၏ 2019-2022 သက်တမ်းအတွင်း နှစ်အလိုက် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များချမှတ်ရန်နှင့် ဆပ်ကော်မတီဝင်များ ဖွဲ့စည်းရန်အတွက် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်များမှ အတူတကွ ပူးပေါင်းပါဝင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ် ပါသည်။ Retreat 2019 တွင် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များမှ အသင်း၏ Vision , Mission များ ချမှတ်ခဲ့ပြီး၊ Activities, Team Work များဖြင့် အောင်မြင်စွာ

1st Yangon International Motor Show

  • January 24, 2019

2019 ခုနှစ် January 23 ရက်နေ့မှ 27 ရက်နေ့ အထိ Yangon Convention Center တွင်ကျင်းပပြုလုပ်ခဲ့သော 1st Yangon International Motor Show ပွဲတွင် အသင်းမှ ဒုဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ပါသည်။

11th Automotive World Japan

  • January 22, 2019

ဂျပန်နိုင်ငံ တိုကျိုမြို့တွင် 2019 ခုနှစ် ဇန်နဝါရီလ 16 ရက်နေ့မှ 18 ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သော 11th Automotive World တွင် YACSAA မှ သွားရောက်လေ့လာမှတ်တမ်းတင်ခဲ့သောပုံရိပ်များဖြစ်ပါသည်။

IATF 16949 Seminar

  • January 3, 2019

Automotive Industry အတွက် Quality Management System နှင့် ပတ်သက်တဲ့ တစ်ခုတည်းသော ကမ္ဘာ့အသိအမှတ်ပြု System ဖြစ်တဲ့ International Automotive Task Force 16949 Seminar ကို MYANMAR BUREAU VERITAS နှင့် YACSAA အသင်းတို့ပူးပေါင်းပြီး အသင်းဝင်များအား မိတ်ဆက်ပေးခြင်းကို 24/12/2018 ရက်နေ့တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၌ကျင်းပပြုလုပ်ခဲ့ပါသည်။